ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ မြန်မာကောင်စစ်ဝန်ချုပ်ရုံး၊ နန်နင်းမြို့၊ ကောင်စစ်ဝန်ချုပ် ဒေါ်ခိုင်ဆုလင်းသည် ကွမ်တုန်းပြည်နယ်သို့ အလုပ်သဘောခရီးစဉ် သွားရောက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ မြန်မာကောင်စစ်ဝန်ချုပ်ရုံး၊ နန်နင်းမြို့၊ ကောင်စစ်ဝန်ချုပ် ဒေါ်ခိုင်ဆုလင်းသည် ကွမ်တုန်းပြည်နယ်သို့ အလုပ်သဘောခရီးစဉ် သွားရောက်






နန်နင်း၊ သြဂုတ် ၈

 မြန်မာကောင်စစ်ဝန်ချုပ်ရုံး၊ နန်နင်းမြို့မှ ကောင်စစ်ဝန်ချုပ် ဒေါ်ခိုင်ဆုလင်းသည် ကွမ်တုန်း ပြည်နယ်သို့ ၆-၈-၂၀၂၄ ရက်နေ့မှ ၇-၈-၂၀၂၄ ရက်နေ့အထိ အလုပ်သဘောခရီးစဉ် သွားရောက် ခဲ့ကာ ခရီးစဉ်အတွင်း ကွမ်တုန်းပြည်နယ်နိုင်ငံခြားရေးရုံးမှ ဒုတိယညွှန်ကြားရေးမှူးချုပ် Ms. Qian Hong Jie အား ၆-၈-၂၀၂၃ ရက်နေ့၊ (၁၅၃၀)နာရီတွင်လည်းကောင်း၊ ကွမ်တုန်းပြည်နယ် ပြည်သူ့ လုံခြုံရေးဦးစီးဌာန၊ လူဝင်လူထွက်စီခံခန့်ခွဲမှုဗျူရို ဒုတိယညွှန်ကြားရေးမှူးချုပ် Mr. Liu Guoqiang  အား ၇-၈-၂၀၂၄ ရက်နေ့၊ (၁၀၀၀)နာရီတွင်လည်းကောင်း၊  တရုတ် နိုင်ငံတကာကုန်သွယ်မှုမြှင့် တင်ရေးကောင်စီ (CCPIT)  (ကွမ်တုန်းပြည်နယ်)  ဒုတိယဥက္ကဋ္ဌ Mrs. Chi Shuang အား ၇-၈-၂၀၂၄ ရက်နေ့၊ (၁၅၀၀)နာရီတွင်လည်းကောင်း  အသီးသီး သွားရောက်တွေ့ဆုံဆွေးနွေးခဲ့သည်။ 

 ကောင်စစ်ဝန်ချုပ်သည် နိုင်ငံခြားရေးရုံး ဒုတိယညွှန်ကြားရေးမှူးချုပ် Ms. Qian Hong Jie နှင့် တွေ့ဆုံစဉ် နှစ်နိုင်ငံဆက်ဆံရေး ပိုမိုတိုးတက်ရေးနှင့် မြန်မာနိုင်ငံနှင့် ကွမ်တုန်းပြည်နယ် အကြား စီးပွားရေး၊ ပညာရေး၊ သာသနာရေးကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်နေမှုအခြေအနေများ၊ အနာဂတ်တွင် ကဏ္ဍစုံ၌ ပူးပေါင်းဆောင်ရွက်မှုများ မြှင့်တင်နိုင်မည့် အလားအလာများကို အပြန်အလှန် ဆွေးနွေးခဲ့သည်။

လူဝင်လူထွက်စီခံခန့်ခွဲမှုဗျူရို ဒုတိယညွှန်ကြားရေးမှူးချုပ် Mr. Liu Guoqiang နှင့် တွေ့ဆုံ စဉ် တရုတ်နိုင်ငံရှိ တရားဝင်/တရားမဝင်ရောက်ရှိနေသော မြန်မာနိုင်ငံသားများနှင့် သက်ဆိုင် သော ကောင်စစ်ဆိုင်ရာကိစ္စရပ်များနှင့် နှစ်နိုင်ငံအကြား လူကုန်ကူးမှု၊ တရားမဝင်လာရောက် အလုပ်လုပ်ကိုင်မှုစသည်တို့ တိုက်ဖျက်ရေး၌လည်း ပူးပေါင်းဆောင်ရွက်သွားနိုင်ရေး အပြန် အလှန် ဆွေးနွေးခဲ့ကြသည်။

 CCPIT  ဒုတိယဥက္ကဋ္ဌ Mrs. Chi Shuang နှင့် ‌တွေ့ဆုံစဉ် စီးပွားရေး၊ ကုန်သွယ်ရေး၌ ပူးပေါင်းဆောင်ရွက်မှုအခြေအနေများအပြင် မြန်မာနိုင်ငံမှ ဆန်ကွဲ၊ ချည်၊ တိုင်းရင်းဆေး၊ လတ်ဆတ်သစ်သီးအစရှိသည့် ထွက်ကုန်များ တိုးမြှင့်တင်ပို့ရောင်းချနိုင်ရေး၊ ချုပ်ပြီးအထည်၊ စွမ်းအင်သစ်မော်တော်ယာဉ်၊ တန်ဖိုးမြှင့်ထုတ်ကုန်များထုတ်လုပ်ခြင်းစသည့်ကဏ္ဍတို့၌ ရင်းနှီးမြှုပ်နှံမှုနှင့် ကုန်သွယ်မှုများ မြှင့်တင်ရေးနှင့် စီးပွားရေးလုပ်ငန်းရှင်ကိုယ်စားလှယ်အဖွဲ့များ အပြန် အလှန် သွားရောက်ရေးစသည်တို့၌ ပူးပေါင်းဆောင်ရွက်နိုင်မည့် အလားအလာများကို အပြန်အလှန် ဆွေးနွေးခဲ့ကြောင်း သိရသည်။


Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)