ကျောက်ပန်းတောင်းမြို့ မြို့မရပ်ကွက်တွင် ဝါယာလျှော့ဖြစ်ရာမှ နေအိမ်တစ်လုံးနှင့် ဆိုင်ခန်းတစ်ခန်း မီးလောင်မှုဖြစ်ပွား - MyanmarNationalPost

.com/img/a/

News Agency

Breaking

  
demo-image

ကျောက်ပန်းတောင်းမြို့ မြို့မရပ်ကွက်တွင် ဝါယာလျှော့ဖြစ်ရာမှ နေအိမ်တစ်လုံးနှင့် ဆိုင်ခန်းတစ်ခန်း မီးလောင်မှုဖြစ်ပွား

4



ကျောက်ပန်းတောင်း ၊  ဩဂုတ်  ၂၃


မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ် မြို့မစည်ပင်သာယာဈေးအနီး၊ မြို့မရပ်ကွက်တွင်၊ ယမန်နေ့မွန်းလွဲ(၃:၀၅)နာရီခန့်က ဝါယာလျှော့ဖြစ်ရာမှ လူနေအိမ်တစ်လုံးနှင့် ဆိုင်ခန်းတစ်ခန်းမီးလောင်ကျွမ်းခဲ့ကြောင်း သိရသည်။


မြို့မရပ်ကွက် ဗိုလ်ချုပ်လမ်းအရှေ့ဘက်ရှိ (၃၀×၃၀)ပေပတ်လည်၊ သွပ်မိုး၊ (၂)ထပ်၊ အုတ်ညှပ်၊ ပျဉ်ခင်းနေအိမ်မှ၊ ဝါယာလျှော့ဖြစ်ကာ အပူလွန်ကဲ၍ အပေါ်ထပ် ပျဉ်ခင်းမှတဆင့် နေအိမ်အား မီးလောင်ကျွမ်းခဲ့ရာ၊ လူနေအိမ်မှတစ်ဆင့်(၁၀×၁၀)ပေပတ်လည် အုတ်ညှပ်(၁)ထပ်ဆိုင်ခန်းသို့ မီးကူးဆက်လောင်ကျွမ်းခဲ့ကြောင်း သိရသည်။ အဆိုပါ မီးလောင်မှုသတင်းရလျင်ရချင်း၊ မြိုနယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန်းလွင်နှင့်အဖွဲ့ဝင်(၁) ဗိုလ်မှူးနောင်ထွန်းနီတို့မှ အနီးကပ်ကြီးကြပ်၍ မီးသတ်ဦးစီးဌာန မြို့နယ်မီးသတ်ဦးစီးမှူး ဦးသန်းမြင့် ဦးဆောင်သည့် သန္ဓေနှင့်အရန်မီးသတ်တပ်ဖွဲ့ဝင် (၂၀)ဦးတို့သည်၊ မီးငြှိမ်းသတ်ယာဉ်(၂)စီး၊ ရေသယ်ယာဉ်(၄)စီး၊ ကျောက်ပန်းတောင်းနယ်မြေ မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ ပုပ္ပားနယ်မြေမီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ ရေသယ်ယာဉ်(၁)စီး၊ ညောင်ဦးခရိုင်မှ ရေသယ်ယာဉ်(၂)စီးတို့ဖြင့် ငြှိမ်းသတ်ခဲ့ရာ မွန်းလွဲ(၃:၂၄)နာရီတွင် မီးထိန်းနိုင်ခဲ့ပြီး၊ မွန်းလွဲ(၃:၃၇)နာရီတွင် မီးငြိမ်းခဲ့ကြောင်း သိရသည်။


အဆိုပါ မီးလောင်မှုကြောင့် လူနှင့်တိရစ္ဆာန်ထိခိုက်သေဆုံးမှုမရှိကြောင်းနှင့် မီးပေါ့ဆစွာအသုံးပြုခဲ့သူအား ဥပဒေနှင့်အညီအရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။


နေအောင်

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Pages