ရွှေဘိုတက္ကသိုလ်၌ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ပြည်ထောင်စုရွှေးကောက်ပွဲကော်မရှင် ဥပဒေဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရွှေဘိုတက္ကသိုလ်၌ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ပြည်ထောင်စုရွှေးကောက်ပွဲကော်မရှင် ဥပဒေဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပ



ရွှေဘို၊ သြဂုတ် ၂၈

စစ်ကိုင်းတိုင်းဒေသကြီးရွှေဘိုတက္ကသိုလ်၌ ကျောင်းသား၊ ကျောင်းသူလူငယ်များအနေဖြင့် ဒီမိုကရေစီအသိနှင့် ယဉ်ကျေးမှုအမွေအနှစ်များ၊ ဘာသာစကား၊ အတွေးအခေါ်၊ ဓလေ့စရိုက်၊ ဝတ်စားဆင်ယင်ထုံးဖွဲ့မှု၊ အမျိုးသားရေးသွင်ပြင်များကို ထိန်းသိမ်းမှတ်သားလိုက်နာတတ်စေရန် ရည်ရွယ်ချက်ဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ရွေးကောက်ပွဲဥပဒေအကြောင်း၊ မျိုးချစ်စိတ်ဓါတ်ရှင်သန်ထက်မြက်ရေးနှင့် ယဉ်ကျေးမှုအမွေများ ထိန်းသိမ်းစေရေး သိကောင်းစရာများ(ဒုတိယအကြိမ်) ဟောပြောခြင်းကို ယမန်နေ့နံနက် ၉ နာရီက အဆိုပါတက္ကသိုလ်ရှိ ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပကြောင်း သိရသည်။

ရှေးဦးစွာ ရွှေဘိုတက္ကသိုလ် ပါမောက္ခချုပ်ဆရာမကြီး ဒေါက်တာမျိုမျိုး၊ ဒုတိယပါမောက္ခချုပ်ဆရာမကြီးဒေါက်တာတင်တင်ရီနှင့် ဒေါက်တာမြယဉ်ယဉ်ငြိမ်းတို့က အဖွင့်အမှာစကားပြောကြားခဲ့ကြပြီး၊ ဥပဒေပညာဌာနမှ ပါမောက္ခ(ဌာနမှူး) ဒေါက်တာသီတာအောင်၊ ကထိကဒေါ်ဝင်းဝင်းထွေးနှင့် ဒေါ်ဇင်သန့်ဦးတို့က "ဖွဲ့စည်းပုံအခြေခံဥပဒေ"၊ တွဲဖက်ပါမောက္ခဒေါ်စန်းစန်းမော်က "ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥပဒေ" မြန်မာစာဌာနပါမောက္ခ(ဌာနမှူး) ဒေါတာချိုချိုသန်းက "မျိုးချစ်စိတ်ဓါတ်ရှင်သန်ထက်မြက်ရေးနှင့် ယဉ်ကျေးမှုအမွေများ ထိန်းသိမ်းစေရေး" စသည့် ခေါင်းစဉ်များဖြင့် ဟောပြောဆွေးနွေးခဲ့ကြောင်း သိရသည်။

ဟောပြောပွဲသို့ ပါမောက္ခချုပ် ဆရာမကြီးဒေါက်တာမျိုမျိုး၊ ဒုတိယပါမောက္ခချုပ်ဆရာမကြီးဒေါက်တာတင်တင်ရီနှင့် ဒေါက်တာမြယာဉ်ယာဉ်ငြိမ်း၊ ဘာသာရပ်အသီးသီးမှ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူ (၇၅၀) ဦး တက်ရောက်ကြောင်း သိရသည်။


အေးမြင့်စန်း

Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)