ဆင်ပေါင်ဝဲမြို့နယ် စည်ပင်လှစံပြကျေးရွာတွင် အတွင်းတိမ်နှင့် မျက်စိရောဂါ စမ်းသပ်စစ်ဆေးပေးခြင်း ဆောင်ရွက်ဆင် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဆင်ပေါင်ဝဲမြို့နယ် စည်ပင်လှစံပြကျေးရွာတွင် အတွင်းတိမ်နှင့် မျက်စိရောဂါ စမ်းသပ်စစ်ဆေးပေးခြင်း ဆောင်ရွက်ဆင်





ပေါင်ဝဲ  ၊ ဩဂုတ် ၉


မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ် စည်ပင်လှစံ​ပြ​ကျေးရွာတွင် မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ်မှ ရွေးချယ်ပေးထားသော အတွင်းတိမ်ကင်းစင်ပပျောက်ရေးစီမံချက်ရွာသို့ ယမန်နေ့ နံနက် ၇ နာရီအချိန်က အဆိုပါကျေးရွာ ဘုန်းတော်ကြီးကျောင်း၌ ဆောင်ရွက်ခဲ့ကြသည်။


ထိုသို့ ကွင်းဆင်းဆောင်ရွက်ရာတွင် တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးမှူး ဒေါ်အေးဝင်းဝင်းခိုင်တို့အဖွဲ့နှင့် မြို့နယ်ကျန်းမာရေးဦးစီးဌာန အဖွဲ့များ ပူးပေါင်း၍ စည်ပင်လှစံပြကျေးရွာနေ အတွင်းတိမ်လူနာ (၁၅၀) ဦးအား ရှာဖွေဖော်ထုတ်စစ်ဆေးခြင်းများ ဆောင်ရွက်ပေးခဲ့ပြီး အတွင်းတိမ်တွေ့ရှိသူ လူနာ (၂၃)ဦးအား မကွေးတိုင်းဒေသကြီးကုသရေးဦးစီးဌာနနှင့်ချိတ်ဆက်၍ အခမဲ့ ဆေးကုသပေးခြင်းကို ဆောင်ရွက်ပေးမည်ဖြစ်​ကြောင်း သိရသည်။


ဆင်ပေါင်ဝဲမြို့နယ် စည်ပင်လှစံပြကျေးရွာတွင် အတွင်းတိမ်နှင့် မျက်စိရောဂါအခမဲ့စမ်းသပ်စစ်ဆေးရာသို့ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာမွန်စိုးရီနှင့် ဝန်ထမ်းများက ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပေးခြင်း၊ သွေးတိုး၊ ဆီးချိုနှလုံးရောဂါများ စမ်းသပ်စစ်ဆေးကုသပေးခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။


ခန့်ဝင်း(ဆင်ပေါင်ဝဲ)

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)