နိုင်ငံတော်၏ ယန္တရားတွင် ထောက်လှမ်းရေးအလွှာတစ်ခု ပြန်လည်ထည့်သွင်းဆောင်ရွက်သင့်ဟုဆို - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

နိုင်ငံတော်၏ ယန္တရားတွင် ထောက်လှမ်းရေးအလွှာတစ်ခု ပြန်လည်ထည့်သွင်းဆောင်ရွက်သင့်ဟုဆို



ရန်ကုန်၊ သြဂုတ် ၅

နိုင်ငံအတွင်း ဖြစ်ပေါ်နေသည့် အခြေအနေများနှင့် ပတ်သက်၍ တည်ငြိမ်အေးချမ်းနှင့် တရားဥပဒေစိုးမိုးရေးအတွက် ထောက်လှမ်းရေးအလွှာတစ်ခု ပြန်လည်ထည့်သွင်းဆောင်ရွက်သင့်ကြောင်း မြန်မာ့အရေး သုံးသပ်သူ ဦးနော်မန် က ပြောသည်။

ဦးနော်မန် က "လူဟောင်းတွေထဲက ပြန်ပြီး သင်တန်းပို့ချပေးနိုင်တဲ့သူတွေ ရှိပါတယ်။ ထောက်လှမ်းရေးအလွှာတစ်ခုပေါ့ကွာ။ ဒါကို ပြန်လည်ထည့်သွင်းဆောင်ရွက်သင့်တဲ့ အခြေအနေကို ဆွေးနွေးတင်ပြခဲ့ဖူးပါတယ်။ နယ်မြေဒေသအလိုက် ထောက်လှမ်းရေးတပ်ဖွဲ့ဝင်တွေ ထပ်ထည့်ထားလိုက်။ ရရှိလာတဲ့ သတင်းအချက်အလက်အပေါ်မှာ သတင်းအချက်အလက်ကို သုံးသပ်တဲ့ ဌာနက ဘာလုပ်သင့်တယ်ဆိုတာကို ဆုံးဖြတ်ပြီး လုပ်ကြရမှာပေါ့။" ဟု ဆိုသည်။

နိုင်ငံတော်၏ ယန္တရားအတွင်း တာဝန်နှင့် လုပ်ပိုင်ခွင့်ကို အလေးထားမှုမရှိခြင်း၊ အကြမ်းဖက်အားပေး လုပ်ဆောင်နေမှုအခြေအနေများကို ထိန်းသိမ်းနိုင်ရန်၊ တိုင်းပြည်နှင့် လူမျိုးအပေါ် သစ္စာစောင့်သိခြင်း မရှိသူများကို ဖော်ထုတ် ထိန်းသိမ်းနိုင်ရန် မှန်မှန်ကန်ကန် အလုပ်လုပ်ပေးမယ့် လျှို့ဝှက်ထောက်လှမ်းရေးအဖွဲ့ ထားရှိဆောင်ရွက်ရန် နိုင်ငံတော်အကြီးအကဲများကို ဆွေးနွေးတင်ပြလိုကြောင်း ဦးနော်မန် က ဆိုသည်။


#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)