ကျိုင်းတုံမြို့၌ ၂၀၂၄ ခုနှစ် ကမ္ဘာ့မိခင်နို့တိုက်ကျွေးရေး၊ အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ်လှုပ်ရှားမှုနှင့် ကျောင်းကျန်းမာရေး သတင်းပတ်လှုပ်ရှားမှု ပြည်နယ်အဆင့် အခမ်းအနားကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကျိုင်းတုံမြို့၌ ၂၀၂၄ ခုနှစ် ကမ္ဘာ့မိခင်နို့တိုက်ကျွေးရေး၊ အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ်လှုပ်ရှားမှုနှင့် ကျောင်းကျန်းမာရေး သတင်းပတ်လှုပ်ရှားမှု ပြည်နယ်အဆင့် အခမ်းအနားကျင်းပ

 




ကျိုင်းတုံ  ၊  ဩဂုတ် ၂၄


ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ၂၀၂၄ ခုနှစ် ကမ္ဘာ့မိခင်တိုက်ကျွေးရေး၊ အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ်လှုပ်ရှားမှုများနှင့် ကျောင်းကျန်းမာရေး သီတင်းပတ်လှုပ်ရှားမှု ပြည်နယ်အဆင့် အထိမ်းအမှတ်အခမ်းအနားကို ယနေ့နံနက် ၉ နာရီခွဲက ကျိုင်းတုံမြို့ သူနာပြုနှင့် သားဖွားသူနာပြုသင်တန်းကျောင်းခန်းမတွင် ကျင်းပသည်။


ဦးစွာ ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ(ရှမ်းအရှေ့)ဥက္ကဋ္ဌ ဦးဇော်လွင်ဦးက အမှာစကားပြောကြားပြီး ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ပြည်နယ်ကုသရေးနှင့်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူး ဒေါက်တာစည်သူအောင်က ၂၀၂၄ ခုနှစ်၊ ကမ္ဘာ့မိခင်တိုက်ကျွေးရေး၊ အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ်များနှင့် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ကျောင်းကျန်းမာရေး သီတင်းပတ်များနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။


ဆက်လက်၍ ၂၀၂၄ ခုနှစ် ကမ္ဘာ့မိခင်တိုက်ကျွေးရေးနှင့် အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ်အထိမ်းအမှတ် Video နှင့် ကျောင်းကျန်းမာရေးသီတင်းပတ်အထိမ်းအမှတ် Video ပြသပြီး ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ(ရှမ်းအရှေ့)ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျောင်းကျန်းမာရေးလှုပ်ရှားမှုူ အထိမ်းအမှတ်ပြည်နယ်အဆင့် စာစီစာကုံးနှင့် ပန်းချီပြိုင်ပွဲဆုရရှိသည့် ကျောင်းသား၊ ကျောင်းသူများကို ဆုများအသီးသီးပေးအပ်ချီးမြှင့်ကြသည်။ ထို့နောက် ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ(ရှမ်းအရှေ့)ဥက္ကဋ္ဌ နှင့်တာဝန်ရှိသူများက အသက် ၅ နှစ်အောက်ကလေးများအား Vitamin A တိုက်ကျွေးခြင်းနှင့် ကိုယ်ဝန်ဆောင်မိခင်များအား အာဟာရအစာအစာများနှင့် လက်ဆောင်ပစ္စည်းများ ပေးအပ်ပြီး ၂၀၂၄ ခုနှစ် ကမ္ဘာ့မိခင်တိုက်ကျွေးရေး၊ အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ်လှုပ်ရှားမှုများနှင့် ကျောင်းကျန်းမာရေး သီတင်းပတ်လှုပ်ရှားမှု ပြည်နယ်အဆင့် အထိမ်းအမှတ်ပြခန်းများအား ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။


အောင်ဇင်မြင့် 

https://t.me/MyanmarNationalPost










No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)