ပဲခူးမြို့နယ်အတွင်း မိုးသည်းထန်စွာရွာသွန်းခဲ့မှုကြောင့် ရေကြီးရေလျှံဖြစ်ပေါ်ခဲ့သည့် နေရာများ၌ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပဲခူးမြို့နယ်အတွင်း မိုးသည်းထန်စွာရွာသွန်းခဲ့မှုကြောင့် ရေကြီးရေလျှံဖြစ်ပေါ်ခဲ့သည့် နေရာများ၌ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်



နေပြည်တော်၊ ဩဂုတ် ၁၂

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့နယ်အတွင်း မိုးသည်းထန်စွာရွာသွန်းခဲ့မှုကြောင့် ရေဘေးအန္တရာယ်ရှိသည့်နေရာများမှ ပဲခူးမြို့ရှိ ပုညကာရီဆုတောင်းပြည့်စာသင်တိုက်သို့ ယာယီရွှေ့ပြောင်းနေထိုင်နေသည့် ရေဘေးသင့်ပြည်သူများအား ဩဂုတ်လ ၁၀ ရက် နံနက်ပိုင်းတွင် ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) မှ ဒုတိယဗိုလ်ချုပ်ကြီး ဖုန်းမြတ်၊ တောင်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးဗိုလ်ချုပ်ကြည်သိုက်နှင့် တာဝန်ရှိသူများက သွားရောက်ကြည့်ရှုအားပေးစကားပြောကြားပြီး ရေဘေးသင့်ပြည်သူများအတွက် စားသောက်ဖွယ်ရာများ ထောက်ပံ့ပေးအပ်သည်။

ထို့နောက် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး ဖုန်းမြတ်၊ တိုင်းမှူးနှင့်တာဝန်ရှိသူများက ရေကြီးရေလျှံမှုများဖြစ်ပေါ်ခဲ့သည့် အမှတ် (၁၀) အခြေခံပညာအထက်တန်းကျောင်း၌ နယ်မြေခံတပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် လူမှုရေးအသင်းအဖွဲ့များမှ စုပေါင်း၍သန့်ရှင်းရေးဆောင်ရွက်နေမှုတို့ကို သွားရောက်ကြည့်ရှုအားပေးကာ ဆရာ၊ ဆရာမများအား စားသောက်ဖွယ်ရာများ ထောက်ပံ့ပေးအပ်သည်။

ဆက်လက်၍ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) မှ ဒုတိယဗိုလ်ချုပ်ကြီးဖုန်းမြတ်၊ တိုင်းမှူးနှင့်တာဝန်ရှိသူများသည် ပဲခူးမြို့နယ်၊ မုန်တိုင်ကျေးရွာအုပ်စု၊ သနပ်ပင်မြို့နှင့် ကဝမြို့နယ်တို့ရှိ မိုးစပါးရေကြီးနစ်မြုပ်တောင်သူများအား သီးခြားစီသွားရောက်တွေ့ဆုံရာ တိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက မိုးစပါးရေကြီးနစ်မြုပ်မှုများကို ရှင်းလင်းတင်ပြသည်။ ၎င်းနောက် ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) မှ ဒုတိယဗိုလ်ချုပ်ကြီး ဖုန်းမြတ်နှင့်တိုင်းမှူးတို့က မိုးစပါးရေကြီးနစ်မြုပ် တောင်သူများအား သွင်းအားစုဓာတ်မြေဩဇာများ အသီးသီးထောက်ပံ့ပေးအပ်ပြီး မိုးစပါးပြန်လည်စိုက်ပျိုးမှုများကို ကြည့်ရှုအားပေးခဲ့ကြကြောင်း သတင်းရရှိသည်။


Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)