ရွှေတောင်မြို့နယ်အတွင်းဒေသဖွံ့ဖြိုးရေးလုပ်ငန်းများနှင့် ရေနစ်မြုပ်ခဲ့သည့် ကျေးရွာအုပ်စုများအား ကွင်းဆင်းကြည့်ရှုစစ်ဆေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရွှေတောင်မြို့နယ်အတွင်းဒေသဖွံ့ဖြိုးရေးလုပ်ငန်းများနှင့် ရေနစ်မြုပ်ခဲ့သည့် ကျေးရွာအုပ်စုများအား ကွင်းဆင်းကြည့်ရှုစစ်ဆေး

 





ရွှေတောင် ၊  သြဂုတ်  ၂

ပဲခူးတိုင်းဒေသကြီး ၊ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်အတွင်း ပြည်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ၊စိုက်ပျိုးရေးမွေးမြူရေးကြီးကြပ်မှုကော်မတီ ဥက္ကဌ ဦးသိန်းအောင်နှင့်အဖွဲ့ဝင်များ၊ ရွှေတောင်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ  စိုက်ပျိုးရေးမွေးမြူရေးကြီးကြပ်မှုကော်မတီ ဥက္ကဌ ဦးဟံဝင်းအောင်နှင့် အဖွဲ့ဝင်များမှ ယမန်နေ့ နံနက်ပိုင်းက ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများနှင့် ရေနစ်မြုပ်ခဲ့သည့် ကျေးရွာအုပ်စုများအား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြသည်။

အဆိုပါ စစ်ဆေးရာတွင် ရွှေတောင်မြို့နယ် အတွင်း ဧရာဝတီမြစ်ရေမြင့်တက်မှုကြောင့် မိုးစပါးနှင့်အခြားသီးနှံများ ရေနစ်မြုပ်ခဲ့သည့် နွားခြံကုန်းကျေးရွာအုပ်စု ၊ကျီးသဲကျေးရွာအုပ်စု၊ သရက်သုံးပင်ကျေးရွာအုပ်စုနှင့် မြို့မကျေးရွာအုပ်စုများသို့ မြေပြင်ကွင်းဆင်း၍ ဒေသခံတောင်သူများနှင့် တွေ့ဆုံပြီး ပျက်စီးခဲ့သည့်မိုးစပါးဧကများ အမြန်အစားထိုးပြန်လည်စိုက်ပျိုးနိုင်ရေး၊ မျိုးစပါးနှင့် အခြားလိုအပ်ချက်များအား မြို့နယ် စိုက်ပျိုးရေးမွေးမြူရေးကြီးကြပ်မှုကော်မတီဖြင့် ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့ပြီး ပြန်လည်စိုက်ပျိုးနေမှုအခြေအနေများ၊ ရွှေတောင်မြို့နယ်ကျေးလက် လမ်းဖွံ့ဖြိုးရေးဦးစီးဌာန၏ ၂၀၂၄- ၂၀၂၅ခု ဘဏ္ဍာ ရေးနှစ်၊ တိုင်းဒေသကြီး ခွင့်ပြုရန်ပုံငွေဖြင့် "ရွှေသူရ" ကုမ္ပဏီမှ အကောင်ထည်ဖော်ဆောင်ရွက်လျက်ရှိသည့် ကျီးသဲ - သရက်သုံးပင်လမ်း မြေသား တာဘောင်တင်ခြင်းနှင့် မြေနီကျောက်စရစ်ခင်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှုအခြေအနေများ၊ရွှေတောင်မြို့နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ အကောင်ထည်ဖော်ဆောင်ရွက်လျက်ရှိသည့် အိုးဘိုကုန်း- ရွှေကျွန်းကုန်းလမ်း မြေသားတာဘောင်တင်ခြင်းနှင့် မြေနီကျောက်စရစ်ခင်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှုအခြေအနေများ၊ရွှေတောင်မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ၂၀၂၄- ၂၀၂၅ခု ဘဏ္ဍာရေးနှစ်၊ တိုင်းဒေသကြီး ခွင့်ပြုရန်ပုံငွေဖြင့်  "ရွှေလာဘံ"ကုမ္ပဏီမှ ဆောင်ရွက်လျက်ရှိသည့် မီးလောင်ကျေးရွာအုပ်စု ၊ ဝါးလည်ကျေးရွာ ကုန်ထုတ်လမ်းဆောင်ရွက်နေမှု အခြေအနေများ၊ ရွှေတောင်မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ၂၀၂၄- ၂၀၂၅ခု ဘဏ္ဍာရေးနှစ်၊ တိုင်းဒေသကြီး ခွင့်ပြုရန်ပုံငွေဖြင့်  "ဇင်ယော်ဧရာ"ကုမ္ပဏီမှ ဆောင်ရွက်လျက်ရှိသည့်မီးလောင်ကျေးရွာအုပ်စု ၊ အင်္ဂလိုင်ကံကျေးရွာ ကုန်ထုတ်လမ်းဆောင်ရွက်နေမှုအခြေအနေများအား ကွင်းဆင်း ကြည့်ရှုစစ်ဆေးခဲ့ပြီး ပြည်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ၊ စိုက်ပျိုးရေးမွေးမြူရေးကြီးကြပ်မှုကော်မတီ ဥက္ကဌ ဦးသိန်းအောင်မှ လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့ကြောင်းသိရသည်။ 


ကိုကိုမင်း 

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)