မင်္ဂလာပါစားသောက်ဆိုင် ပိုင်ရှင်မိသားစုများ၊ ဆိုင်မန်နေဂျာနှင့် ဝန်ထမ်းများမှ ဘာသာရေးဆိုင်ရာ ပြဿနာပေါ်ပေါက်ခဲ့ခြင်းနှင့် ပတ်သက်၍ သံဃာတော်များနှင့် ပြည်သူများအား လျှောက်ထား တောင်းပန်ပြီးဖြစ်ကြောင်း အများပြည်သူသို့ အသိပေးထုတ်ပြန်ချက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မင်္ဂလာပါစားသောက်ဆိုင် ပိုင်ရှင်မိသားစုများ၊ ဆိုင်မန်နေဂျာနှင့် ဝန်ထမ်းများမှ ဘာသာရေးဆိုင်ရာ ပြဿနာပေါ်ပေါက်ခဲ့ခြင်းနှင့် ပတ်သက်၍ သံဃာတော်များနှင့် ပြည်သူများအား လျှောက်ထား တောင်းပန်ပြီးဖြစ်ကြောင်း အများပြည်သူသို့ အသိပေးထုတ်ပြန်ချက်


မင်္ဂလာပါစားသောက်ဆိုင် ပိုင်ရှင်မိသားစုများ၊ ဆိုင်မန်နေဂျာနှင့် ဝန်ထမ်းများမှ ဘာသာရေးဆိုင်ရာ ပြဿနာပေါ်ပေါက်ခဲ့ခြင်းနှင့် ပတ်သက်၍ သံဃာတော်များနှင့် ပြည်သူများအား လျှောက်ထား တောင်းပန်ပြီးဖြစ်ကြောင်း အများပြည်သူသို့ အသိပေးထုတ်ပြန်ချက်


ရက်စွဲ ။ ။ ၁၃၈၆ ခုနှစ် ဝါခေါင်လဆန်း(၆)ရက်

၂၀၂၄ ခုနှစ် သြဂုတ်လ(၁၀)ရက် သောကြာနေ့

စာအမှတ် ။ ။ ၁၀ / မ/ မ / ရ / သ/ ၂၀၂၄


ရန်ကုန် - မန္တလေး အမြန်လမ်းမကြီး မိုင်တိုင်(၇၆)တွင် ဖွင့်လှစ်ရောင်းချနေသော မင်္ဂလာပါ စားသောက်ဆိုင် ပိုင်ရှင်မိသားစုများ၊ ဆိုင်မန်နေဂျာနှင့် ဝန်ထမ်းများမှ အမှားကိုသိ၍ အမှန် မြင်ကြပြီး နေပြည်တော်(မဘသ) ဆရာတော်သံဃာတော်များ၊ မန္တလေးနှင့် ရမည်းသင်းမှ သံဃာ တော်များ၊ မျိုးချစ်မြန်မာရဟန်းတော်များသမဂ္ဂ (ရန်ကုန်)မှ ဆရာတော်သံဃာတော်များ အပါအဝင် နေပြည်တော်အမျိုးသားရေးအဖွဲ့ မှ ဝိုင်းဝန်းကူညီမှုဖြင့်(၁၀-၈-၂၀၂၄) ရက်နေ့ က လျှောက်ထား တောင်းပန်ခဲ့ပြီး ဖြစ်ပါသည်။

မဘသ (ဗဟို) ဦးဆောင်ဆရာတော်ကြီး ၂ပါး ဖြစ်သော တပ်ကုန်းမြို့၊ ရှောက်ကုန်းဆရာတော် ကြီးနှင့် လယ်ဝေးမြို့၊ ရွှေအင်တောင်ဆရာတော် တို့၏ သြဝါဒကို ခံယူပြီး ဗုဒ္ဓဘာသာဝင်များ မလုပ် သင့် မလုပ်အပ်သော လုပ်ရပ်ကို လုပ်ဆောင်ခဲ့မိသည့်အတွက် ဝန်ချတောင်းပန်ခြင်းအပေါ်  မျိုးချစ်မြန်မာရဟန်းတော်များသမဂ္ဂ(ရန်ကုန်) မှ ဝမ်းမြောက်စွာ သာဓုခေါ်ပါသည်။

အမှားကိုသိ၍ အမှန်မြင်ကြပြီး ဆရာတော်ကြီးများ၏ သြဝါဒကို ခံယူ၍ နိုင်ငံတော်နှင့် ထေရဝါဒ ဗုဒ္ဓမြတ်စွာသာသနာတော်အား အလေးထား ကာကွယ်စောင့်ရှောက်နေကြသော ရဟန်းသံဃာ များနှင့် မျိုးချစ်လူပုဂ္ဂိုလ်များရှေ့မှောက်တွင် လူသိရှင်ကြား တောင်းပန်လျှောက်ထားသည့်အတွက် ရဟန်းရှင်လူအပေါင်း မှ ကျေနပ်ကြလိမ့်မည်ဟု ယုံကြည်ပါသည်။

မင်္ဂလာပါစားသောက်ဆိုင် မန်နေဂျာနှင့် ဝန်ထမ်းအားလုံးသည် ရဟန်းသံဃာများအပေါ်  လေးစား ကြည်ညို တန်ဖိုးထားခြင်းကို ကိုယ်တိုင်ကြုံ၍ သိခဲ့ရပါသည်။ နောက်နောင် ဒီလို အမှားမျိုး မဖြစ်အောင် ဆိုင်ပိုင်ရှင် မိသားစုများမှ မိမိတို့ ယုံကြည်ခန့်အပ်ရာ မန်နေဂျာများနှင့် ဝန်ထမ်း အားလုံးကို  ပြောဆိုဆုံးမပေးခြင်းဖြင့် ဒီလိုအမှားမျိုး နောက်ထပ် (နောက်ထပ်) ထပ်မံ၍ မဖြစ်ပေါ် လာစေရေး အလေးဂရုပြု ဆောင်ရွက်ကြရန်နှင့် ဖြစ်ပေါ်ခဲ့သည့် ပြဿနာနှင့် စပ်လျှဉ်း၍ လျှောက်ထားတောင်ပန်ပြီးဖြစ်ကြောင်း ရဟန်းရှင်လူပြည်သူအားလုံးကို အသိပေးအပ်ပါသည်။


မျိုးချစ်မြန်မာရဟန်းတော်များသမဂ္ဂ(ရန်ကုန်)


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)