ရေဦးမြို့ အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်းတွင် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ ကျင်းပ - MyanmarNationalPost

.com/img/a/

News Agency

Breaking

  
demo-image

ရေဦးမြို့ အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်းတွင် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ ကျင်းပ

 

9

%E1%81%81%E1%81%80


ရေဦး  ၊  ဩဂုတ် ၂၄


ကျောင်းသားလူငယ်များ ကျောင်းသင်ခန်းစာအပြင် ပြင်ပဗဟုသုတများရရှိစေရန်နှင့် ငယ်စဉ်ကတည်းက စာဖတ်သည့် အလေ့အ‌ကျင့်ကောင်းများ ရရှိလာစေရန်ရည်ရွယ်ပြီး စစ်ကိုင်းတိုင်းဒေသကြီး၊ ရေဦးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲနှင့် စာအုပ်စာစောင်ပြပွဲကို ယမန်နေ့နံနက် (၁၀:၀၀) နာရီက အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။


ဟောပြောပွဲ၌ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ခင်ဆွေဝင်းက ကျောင်းသားလူငယ်များအနေဖြင့် ကျောင်းစာအပြင် ပြင်ပဗဟုသုတများ ရရှိစေရန်အတွက် စာပေလေ့လာဖတ်ရှုရန်လိုအပ်ကြောင်း၊ စာပေဖတ်ရှုခြင်းဖြင့် အသိပညာဗဟုသုတတိုးပွားကာ အမှားနှင့်အမှန်ကို ခွဲခြားနိုင်မည်ဖြစ်ကြောင်း၊ စာပေမှရရှိသည့် အသိဖြင့် မိမိတို့ဘဝရည်မှန်းချက်များ အောင်မြင်အောင် ဆောင်ရွက်နိုင်မည်ဖြစ်ပါကြောင်း၊ နေ့စဉ်စာဖတ်သည့် အလေ့အကျင့်များရရှိ‌လာအောင် ပြုစုပျိုးထောင်ရန် လိုအပ်ပါကြောင်းနှင့် မူးယစ်ဆေးဝါးအန္တရာယ်အကြောင်း၊ ကလေးအလုပ်သမား ပ‌‌ပျောက်ရေးအကြောင်းတို့ကို ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရသည်။


ထို့နောက် စာအုပ်စာစောင်များ ခင်းကျင်းပြသရာ ဆရာ/ဆရာမများ၊ ကျောင်းသား/ကျောင်းသူများက စိတ်ဝင်တစားကြည့်ရှုကြပြီး ဖတ်ရှုလိုသည့် စာအုပ်စာ‌စောင်များကိုလည်း ပြန်ကြား‌‌ရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက ငှားရမ်းပေးခဲ့ကြကြောင်း သိရသည်။


သန်းသန်း (ရေဦး)

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Pages