မိုင်းယန်းမြို့နယ်၌ ကျေးရွာစာကြည့်တိုက်အဆောက်အအုံအသစ် လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေအား ကွင်းဆင်းကြည့်ရှုစစ်ဆေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မိုင်းယန်းမြို့နယ်၌ ကျေးရွာစာကြည့်တိုက်အဆောက်အအုံအသစ် လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေအား ကွင်းဆင်းကြည့်ရှုစစ်ဆေး



မိုင်းယန်း ၊  ဩဂုတ်  ၃၁


ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယန်းခရိုင်၊ မိုင်းယန်းမြို့နယ်၌ မြန်မာနိုင်ငံစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေး ပူးပေါင်းဆောင်ရွက်မှုကော်မတီ၏ မတည်ငွေကျပ်သိန်း ၁၅၀ ဖြင့် မိုင်းလွေကျေးရွာအုပ်စု ပန်ဆောင်ကျေရွာအတွင်း စာကြည့်တိုက်အဆောက်အဦသစ် လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများကို တာဝန်ရှိသူများမှ ယမန်နေ့နံနက် ၈ နာရီက ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြကြောင်း သိရသည်။


ထိုသို့ဆောင်ရွက်ရာတွင် မိုင်းယန်းခရိုင်/ မြို့နယ် စာကြည့်တိုက်ဖွံ့ဖြိုးတိုးတက်ရေး ကြီးကြပ်မှုကော်မတီအဖွဲ့ဝင်များနှင့် တာဝန်ရှိသူများက စာကြည့်တိုက်အသစ် လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများ၊ သတ်မှတ်ကာလအတွင်း ဆောင်ရွက်ပြီးစီးနိုင်ရန်နှင့် သတ်မှတ်စံချိန်စံညွှန်း ပြည့်မီအောင် ဆောင်ရွက်ထားရှိမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့ကြကြောင်း သိရသည်။


နိုင်ငံတော်မှ ကျေးရွာနေပြည်သူများ အသိပညာဗဟုသုတတိုးပွားစေရန်နှင့် စာအုပ်စာစောင်များကို အခမဲ့ငှားရမ်းဖတ်ရှုလေ့လာနိုင်စေရန်အတွက် စာကြည့်တိုက်များ စီစဉ်ဆောင်ရွက်ပေးလျက်ရှိကြောင်း  သိရသည်။


ထွန်းထွန်းထူး

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)