မိုင်းဖြတ်မြို့နယ်၊ နမ့်ပန်ကျေးရွာအုပ်စုတွင် ကျေးရွာချင်းဆက်လမ်းပေါ်၌ တံတားတစ်စင်း ပျက်စီးမှုဖြစ်ပွား - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မိုင်းဖြတ်မြို့နယ်၊ နမ့်ပန်ကျေးရွာအုပ်စုတွင် ကျေးရွာချင်းဆက်လမ်းပေါ်၌ တံတားတစ်စင်း ပျက်စီးမှုဖြစ်ပွား




မိုင်းဖြတ်၊ သြဂုတ် ၂၅

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် သြဂုတ်လ ၂၄ ရက်က မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် နမ့်ပန်ကျေးရွာအုပ်စု၊ မိုင်းဝီးစေတီ - နမ့်ဖက်ကျေးရွာချင်းဆက်လမ်းပေါ်ရှိ Box Culvert ၁စင်း ပျက်စီးဆုံးရှုံးမှုဖြစ်ပွားကြောင်း သိရသည်။

ဖြစ်စဉ်မှာ သြဂုတ်လ ၂၄ ရက် ညနေပိုင်းက မိုးအဆက်မပြတ်ရွာသွန်းခြင်းကြောင့် နမ့်ဖက်ချောင်းရေတိုက်စားပြီး ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်၊ နယ်စပ်ဒေသဖွံဖြိုးရေး၊ ပြည်နယ်ဘဏ္ဍာရန်ပုံငွေ (၁၃.၉၆၁)သန်းဖြင့်ဆောင်ရွက်သည့် ၁၀ပေ Box Culvert တံတား ၁ စင်း ပျက်စီးဆုံးရှုံးမှုဖြစ်ပွားကြောင်း သိရသည်။ အဆိုပါတံတားပျက်စီးမှုကြောင့် တာဝန်ရှိသူများ၏ ကြီးကြပ်မှုဖြင့် ကျေးရွာနေပြည်သူများ ဖြတ်သန်းသွားလာနိုင်ရေးအတွက် ယာယီဝါးတံတား  ဆောင်ရွက်ထားရှိကြောင်း သိရသည်။


Join - https://t.me/MyanmarNationalPost


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)