ပေါင်မြို့နယ်လက်ပံကျွန်းကျေးရွာ၌ ရေဘေးသင့်ပြည်သူများသည် မိမိတို့၏နေအိမ်များသို့ ပြန်လည်ရောက်ရှိနေထိုင် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပေါင်မြို့နယ်လက်ပံကျွန်းကျေးရွာ၌ ရေဘေးသင့်ပြည်သူများသည် မိမိတို့၏နေအိမ်များသို့ ပြန်လည်ရောက်ရှိနေထိုင်

 






ပေါင်၊ ဩဂုတ် ၁၂

မွန်ပြည်နယ်၊‌ပေါင်မြို့နယ်၊ လက်ပံကျွန်းကျေးရွာမှ ရေဘေးသင့်ပြည်သူများသည်  မိမိတို့၏နေအိမ်များသို့  ယနေ့ မွန်းလွဲပိုင်းက ပြန်လည်ရောက်ရှိနေထိုင် လျက်ရှိကြောင်းသိရသည်။

ပေါင်မြို့နယ်၊ လက်ပံကျွန်းကျေးရွာအုပ်စု၊ လက်ပံကျွန်းကျေးရွာ၌  ဇူလိုင်လ (၂၇) ရက်နေ့ က မိုးသည်း ထန်စွာရွာသွန်းမှုနှင့် သံလွင်မြစ်ရေမြင့်တက်လာမှုတို့ကြောင့် ကျေးရွာ အနိမ့်ပိုင်းများသို့ ရေများဝင်ရောက်ခဲ့ရာအိမ်ထောင်စု(၇၉)စုတို့မှ လူဦးရေ စုစုပေါင်း(၂၇၀)ဦးတို့အား ကျေးရွာအုပ်စု အုပ် ချုပ်ရေးမှူးနှင့်အဖွဲ့တို့မှ အမြင့်ပိုင်းတွင်ရှိသော လက်ပံကျွန်းဘုန်းကြီးကျောင်းသို့ ခေတ္တယာယီ ပြောင်းရွှေ့နေရာချပေးထားခဲ့ကြောင်းသိရသည်။

အဆိုပါ ပြောင်းရွှေ့နေထိုင်ခဲ့သည့် အိမ်ထောင်စု (၇၉)စုတို့မှ လူဦးရေ (၂၇၀)ဦးတို့သည် ယနေ့ မွန်းလွဲ(၁)နာရီ က ရေများကျဆင်းသွားပြီဖြစ်သည့်အတွက် ၎င်းတို့၏ နေအိမ်များသို့ ပြန်လည်ပြောင်းရွှေ့ နေထိုင်လျက်ရှိကြောင်း သိရသည်။


မွန်မလေး 

Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)