ရွှေတောင်မြို့နယ်အတွင်း ဧရာဝတီမြစ်ရေဝင် ရောက်မှုကြောင့် ယာယီပိတ်ထားရသည့် အခြေခံပညာကျောင်းအချို့ ပြန်လည်ဖွင့်လှစ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရွှေတောင်မြို့နယ်အတွင်း ဧရာဝတီမြစ်ရေဝင် ရောက်မှုကြောင့် ယာယီပိတ်ထားရသည့် အခြေခံပညာကျောင်းအချို့ ပြန်လည်ဖွင့်လှစ်




ရွှေတောင်  ၊ သြဂုတ် ၂

ပဲခူးတိုင်းဒေသကြီး၊ပြည်ခရိုင်၊ရွှေတောင်မြို့နယ်အတွင်း ဧရာဝတီမြစ်ရေသည် ၈၆ ပေ အောက် ထပ်မံကျဆင်းလာသဖြင့် ယာယီပိတ်ထားရသည့် အခြေခံပညာကျောင်းအချို့ ပြန်လည် ဖွင့်လှစ်ထားကြောင်းသိရသည်။

       ရွှေတောင်မြို့နယ်အတွင်း ( ၂၀၂၄- ၂၀၂၅) ပညာသင်နှစ် အတွင်း မြေနိမ့်ပိုင်းနေရာများဖြစ်    သည့် ရပ်ကွက် / ကျေးရွာအုပ်စုများရှိ အထက်တန်းကျောင်း ( ၅) ကျောင်း၊အလယ်တန်းကျောင်း ( ၄)ကျောင်း၊မူလတန်း ကျောင်း ( ၂၇) ကျောင်း စုစုပေါင်း ( ၃၆)ကျောင်းတို့တွင် ဧရာဝတီ မြစ်ရေဝင်ရောက်ခဲ့ပြီး  ယခုအခါဧရာဝတီမြစ်ရေ သည် ၈၆.၁ ပေ အောက် ပြန်လည်ကျဆင်းခဲ့သဖြင့် အထက်တန်းကျောင်း ( ၂) ကျောင်း၊အလယ်တန်းကျောင်း ( ၁)ကျောင်း၊မူလတန်း ကျောင်း ( ၁၅) ကျောင်း စုစုပေါင်း ( ၁၈)ကျောင်း ပြန်လည်ဖွင့်လှစ်ပညာသင်ကြားလျက်ရှိကြောင်းသိရသည်။

        ရွှေတောင်မြို့နယ်တွင် ဧရာဝတီမြစ်ရေဝင်ရောက်မှုကြောင့် ပြန်လည် မဖွင့်လှစ်နိုင်သည့် အခြေခံပညာကျောင်း အထက်တန်းကျောင်း ( ၃) ကျောင်း၊အလယ်တန်းကျောင်း ( ၃)ကျောင်း၊မူလတန်း ကျောင်း ( ၁၂)ကျောင်း စုစုပေါင်း ( ၁၈) ကျောင်း ကျန်ရှိနေကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

ကိုကိုမင်း 

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)