ပေါက်ခေါင်းမြို့နယ်၌ ကောက်စိုက်စက်၊ လက်ဆွဲကောက်စိုက်စက်ဖြင့် မိုးစပါးစိုက်ပျိုးခြင်းသရုပ်ပြဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပေါက်ခေါင်းမြို့နယ်၌ ကောက်စိုက်စက်၊ လက်ဆွဲကောက်စိုက်စက်ဖြင့် မိုးစပါးစိုက်ပျိုးခြင်းသရုပ်ပြဆောင်ရွက်




ပေါက်ခေါင်း  ၊ ဩဂုတ် ၁၂


ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်၌ မြို့နယ်စက်မှုလယ်ယာဦးစီးဌာန အမှတ် (၅၈) စက်မှုလယ်ယာစခန်း၏ ကောက်စိုက်စက်၊ လက်ဆွဲကောက်စိုက်စက်ဖြင့် ဗီယက်နမ်မျိုးစပါးအား စိုက်ပျိုးခြင်းကွင်းသရုပ်ပြပွဲကို ယနေ့နံနက်ပိုင်းက မစိုးရိမ်ကျေးရွာအုပ်စု၊ မစိုးရိမ်ကျေးရွာ ကွင်းအမှတ်-၇၂၃(A) မတောင့်တကွင်း တောင်သူဦးမိုးမင်း၏ လယ်မြေ(၃)ဧကတွင် ကျင်းပပြုလုပ်သည်။


သရုပ်ပြပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဖြိုးသူမောင်၊ မြို့နယ်စက်မှုလယ်ယာဦးစီးမှူး ဦးလှထွန်း၊ မြို့နယ်စိုက်ပျိုး‌ရေးဦးစီးမှူး ဦးမင်းမင်းမင်းထွန်း၊ မြို့နယ်ကြေးတိုင်နှင့်မြေစာရင်းဦးစီးမှူး ဦးဇော်ဇော်၊ ပေါက်ခေါင်းမြို့နယ် စိုက်ပျိုးရေးကြီးကြပ်မှုကော်မတီတာဝန်ရှိသူအဖွဲ့ဝင်များနှင့် ဝန်ထမ်းများ၊ ဒေသခံတောင်သူများ တက်ရောက်ကြည့်ရှုလေ့လာခဲ့ကြသည်။


သရုပ်ပြပွဲ၌ မြို့နယ်စက်မှုလယ်ယာဦးစီးဌာနမှူး ဦးလှထွန်းက တက်ရောက်လာသူများအား ကောက်စိုက်စက်၊ လက်ဆွဲကောက်စိုက်စက်ဖြင့် စိုက်ပျိုးခြင်းကြောင့် ရရှိလာမည့်အကျိုးကျေးဇူးများကို ရှင်းလင်းပြောကြားခဲ့ပြီး ကောက်စိုက်စက်၊ လက်ဆွဲကောက်စိုက်စက်ဖြင့် စိုက်ပျိုးနေမှုကို လက်တွေ့စိုက်ပျိုးပြသခဲ့ရာ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် တောင်သူများမှ စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြောင်း သိရသည်။


ပေါက်ခေါင်းမြို့နယ်တွင် ၂၀၂၄-၂၀၂၅ မိုးစပါးစိုက်ပျိုးရာသီတွင် (၄၆၇၅၇)ဧက စိုက်ပျိုးရန်လျာထားလျက်ရှိပြီး၊ ကောက်စိုက်စက်ဖြင့် မိုးစပါးဧက (၄၀)ကျော် စိုက်ပျိုးပြီးစီးပြီဖြစ်ကြောင်း မြို့နယ်စက်မှုလယ်ယာဦးစီးဌာနမှ သိရသည်။


သန်းထွန်းအောင် 

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)