ခန္တီးမြို့၌ သန်းခေါင်စာရင်းဆိုင်ရာနှင့် မျောက်ကျောက်ရောဂါအသိပညာ ပေးလက်ကမ်းစာစောင်များဖြန့်ဝေ - MyanmarNationalPost

.com/img/a/

News Agency

Breaking

  
demo-image

ခန္တီးမြို့၌ သန်းခေါင်စာရင်းဆိုင်ရာနှင့် မျောက်ကျောက်ရောဂါအသိပညာ ပေးလက်ကမ်းစာစောင်များဖြန့်ဝေ

 

033

032

ခန္တီး၊ သြဂုတ် ၂၈

စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့၊ မင်္ဂလာဈေးရှေ့နှင့် ဈေးအတွင်း၌ ဈေးရောင်းဈေးဝယ်ပြည်သူများအား ယနေ့ နံနက် (၇) နာရီ အချိန်က သန်းခေါင်စာရင်းဆိုင်ရာနှင့် မျောက်ကျောက်ရောဂါအသိပညာ ပေးလက်ကမ်းစာစောင်များဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

၂၀၂၄ ခုနှစ် အောက်တိုဘာလ (၁) ရက်နေ့မှ (၁၅) ရက်နေ့အထိ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူသွားမည်ဖြစ်ပြီး ပြည်သူများသိရှိနားလည်စေရန် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဗဟိုသန်းခေါင်စာရင်းကော်မရှင်က ထုတ်ဝေထားသည့် ပြည်သူအားလုံးပါဝင်လို့သန်းခေါင်စာရင်းကောက်ကြစို့ လက်ကမ်းစာစောင်နှင့် ၂၀၂၄ ခုနှစ်၊ သြဂုတ်လ ၁၄ ရက်နေ့တွင် Mpox (မျောက်ကျောက်) ရောဂါကူးစက်မှုအား ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှ နိုင်ငံတကာပြည်သူ့ကျန်းမာရေး အရေးပါ်အခြေအနေအဖြစ် ကြေညာခဲ့သည့်အတွက် ပြည်သူများအထူးသတိပြုရန် ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ဝေထားသည့် Mpox (မျောက်ကျောက်) ရောဂါ ကာကွယ်ရေးနှိုးဆော်ချက် လက်ကမ်းစာစောင်များကို ခန္တီးမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသက်ဦးဆွေဦးဆောင်၍ ခန္တီးခရိုင်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ ဝန်ထမ်းများ၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နှင့် လူမှုရေးအသင်းအဖွဲ့များက ပြည်သူများ၏ လက်ဝယ်အရောက် ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

ပြည်သူအားလုံးပါဝင်လို့ သန်းခေါင်စာရင်းကောက်ကြစို့ လက်ကမ်းစာစောင်တွင် သန်းခေါင်စာရင်းကောက်ယူသည့် ရည်ရွယ်ချက်၊ သန်းခေါင်စာရင်းထည့်ကောက်ရမည့်သူများ ထည့်မကောက်ရမည့်သူများ၊ သန်းခေါင်စာရင်းကောက်ယူခြင်းဆိုင်ရာ အကြောင်းအရာများပါရှိပြီး Mpox (မျောက်ကျောက်) ရောဂါ ကာကွယ်ရေးနှိုးဆော်ချက် လက်ကမ်းစာစောင်တွင် ရောဂါကူးစက်နိုင်သည့် နည်းလမ်းများ၊ ရောဂါပျိုးရက်၊ သံသယဖြစ်ဖွယ် ရောဂါလက္ခများ၊ ကာကွယ်နိုင်သည့်နည်းလမ်းများ စသည့်အကြောင်းအရာများ ပါရှိကြောင်း သိရှိရသည်။


Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Pages