အပြစ်မဲ့ အရပ်သားပြည်သူများကို အစုလိုက်အပြုံလိုက်သတ်ဖြတ်သော လုပ်ရပ်အား ကန့်ကွက်ရှုတ်ချ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အပြစ်မဲ့ အရပ်သားပြည်သူများကို အစုလိုက်အပြုံလိုက်သတ်ဖြတ်သော လုပ်ရပ်အား ကန့်ကွက်ရှုတ်ချ







နေပြည်တော်၊ သြဂုတ် ၉

နေပြည်တော် မြို့တော်ခန်းမရှေ့တွင် ယနေ့ နံနက်ပိုင်းက လားရှိုးမြို့ပေါ်တွင် MNDAA အကြမ်းဖက်အဖွဲ့က အပြစ်မဲ့ အရပ်သားပြည်သူများကို အစုလိုက်အပြုံလိုက် သတ်ဖြတ်ခဲ့သော လုပ်ရပ်နှင့် ပတ်သက်၍ ဦးဒိန်းဒေါင်နှင့် ဟာသပညာရှင်များက ဆန့်ကျင်ရှုတ်ချခဲ့ကြသည်။

ဆန္ဒပြပွဲတွင် ကိုသော်သော် က "လားရှိုးမှာ အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံခဲ့ရတာနဲ့ ပတ်သက်ပြီးတော့ ပြည်သူတစ်ယောက်အနေနဲ့ မခံစားနိုင်လို့ ရောက်လာရခြင်းဖြစ်ပါတယ်။ ဒီလို သတ်ဖြတ်မှုမျိုးတွေကို ဘယ်လိုအဖွဲ့အစည်းကပဲ လုပ်သည်ဖြစ်စေ လက်ခံလို့ မရပါဘူး။ အပြစ်မဲ့ ပြည်သူတွေဟာ ဘာမှ မသိပါဘူး။ ဒီလို ပြည်သူတွေကို သတ်ဖြတ်နေရုံနဲ့ ဘာမှဖြစ်လာမှာ မဟုတ်ပါဘူး။ ကျွန်တော်တို့သည် ပရိတ်သတ်ကျွေးတဲ့ ထမင်းနဲ့ဟင်းကို စားနေကြရတာ ဖြစ်ပါတယ်။ ပြည်သူတွေဟာ ကျွန်တော်တို့ရဲ့ ကျေးဇူးရှင်တွေ ဖြစ်ပါတယ်။ ပြည်သူတွေ ဒုက္ခကြုံတွေ့လာရင် ကျွန်တော်တို့ တတ်နိုင်တဲ့ဘက်က ပရဟိတပုံစံမျိုး ကူညီပေးလို့ရပါတယ်။ အခုလို ကိစ္စမျိုးကြတော့ ကျွန်တော်တို့ ကူညီပေးလို့ မရဘူး။ ကြိုးစားပေးလို့မရဘူး။ ကျွန်တော်တို့ လုပ်နိုင်တာသည် အသနားခံခြင်း ဖြစ်ပါတယ်။ ဒီလို လုပ်ရပ်မျိုးကို ကျွန်တော်တို့ လုံးဝရှုတ်ချပါတယ်။" ဟု ပြောသည်။

ဆန္ဒဖော်ထုတ် ကန့်ကွက်ရခြင်းနှင့် ပတ်သက်၍ ဦးဒိန်းဒေါင် က "လိုင်းပေါ်မှာ ဒီလို အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံရတာမျိုးတွေ့ရတော့ တော်တော်လည်း စိတ်မကောင်းဖြစ်ရတယ်ဗျာ။ အပြစ်မဲ့ ပြည်သူတွေဗျာ။ ဘာမှလည်း သိတာမဟုတ်ဘူး။ တိုင်းရင်းသားပြည်သူတွေဗျာ။ ဆေးရုံမှာဗျာ ဝေဒနာကို ခံစားနေရတာက တစ်ဖက် ဒီဒဏ်ကို ခံစားရတာတစ်ဖက်နဲ့ဗျာ။ သေဆုံးရတာ လူမမယ်ကလေးတွေလည်း ပါတယ်။ သက်ကြီးရွယ်အိုတွေလည်း ပါတယ်။ ကျွန်တော်ကတော့ တော်တော်လေး ဝမ်းနည်းတယ်။ MNDAA, TNLA, AA ပူးပေါင်းအဖွဲ့တွေကို ပေါ့ဗျာ။ မလုပ်ကြပါနဲ့လို့။ ဒါမျိုးက မဖြစ်သင့်ပါဘူး။ စစ်ရေးပစ်မှတ်လည်း မဟုတ်ဘူးပေါ့ဗျာ။ ကျွန်တော်တို့က နိုင်ငံရေးကို နားလည်လို့ ပြောနေတာ မဟုတ်ဘူး။ ဒါ နိုင်ငံရေးလုပ်နေတာလည်း မဟုတ်ဘူး။ ပြည်သူတစ်ယောက်အနေနဲ့ ရင်ထဲက ခံစားချက်ကို ရင်ဘတ်ချင်းတူတဲ့ လူရွှင်တော်တွေ အရပ်သားပြည်သူတွေ ပူးပေါင်းပြီး ဒီကိစ္စကတော့ လုပ်သင့်တယ်။ ဒီလိုဖြစ်ရပ်မျိုး နောက်တစ်ကြိမ်မဖြစ်အောင်လို့။ MNDAA, TNLA, AA ပူးပေါင်းအဖွဲ့တွေကိုလည်း အနုပညာရှင်တစ်ယောက်အနေနဲ့ မေတ္တာရပ်ခံလိုတာက နောက်နောင် အပြစ်မဲ့ ပြည်သူတွေကို မလုပ်ပါနဲ့လို့ မေတ္တာလည်း ရပ်ခံတယ်။ တောင်းလည်း တောင်းပန်တယ်။" ဟု ပြောသည်။

ဆန္ဒဖော်ထုတ် ကန့်ကွက်ရှုတ်ချပွဲကို နေပြည်တော်၊ မြို့တော်ခန်းမရှေ့တွင် နံနက် ၉ ၀၀ နာရီက စတင်စုဝေး ဆောင်ရွက်ခဲ့ပြီး အကြမ်းဖက်လုပ်ရပ်များကို အလိုမရှိကြောင်း ကြွေးကြော်ပြီး ငြိမ်းချမ်းစွာ လူစုခွဲခဲ့ကြသည်။


Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)