ရန်ကုန် - မန္တလေး အမြန်လမ်းမကြီး မိုင်တိုင် (၇၆)မိုင်တွင် ဖွင့်လှစ်ထားသော မင်္ဂလာစားသောက်ဆိုင်၏ ဘာသာရေးစော်ကားမှုနှင့် ပတ်သတ်၍ မျိုးချစ်မြန်မာရဟန်းတော်များသမဂ္ဂ(ရန်ကုန်)၏ သဘောထား ထုတ်ပြန် ကြေညာချက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရန်ကုန် - မန္တလေး အမြန်လမ်းမကြီး မိုင်တိုင် (၇၆)မိုင်တွင် ဖွင့်လှစ်ထားသော မင်္ဂလာစားသောက်ဆိုင်၏ ဘာသာရေးစော်ကားမှုနှင့် ပတ်သတ်၍ မျိုးချစ်မြန်မာရဟန်းတော်များသမဂ္ဂ(ရန်ကုန်)၏ သဘောထား ထုတ်ပြန် ကြေညာချက်


 

ရန်ကုန် - မန္တလေး အမြန်လမ်းမကြီး မိုင်တိုင် (၇၆)မိုင်တွင် ဖွင့်လှစ်ထားသော မင်္ဂလာစားသောက်ဆိုင်၏ 

ဘာသာရေးစော်ကားမှုနှင့် ပတ်သတ်၍ မျိုးချစ်မြန်မာရဟန်းတော်များသမဂ္ဂ(ရန်ကုန်)၏ 

သဘောထား ထုတ်ပြန် ကြေညာချက်


ရက်စွဲ ။ ။ ၁၃၈၆ ခုနှစ် ဝါခေါင်လဆန်း(၄)ရက် 

၂၀၂၄ ခုနှစ် သြဂုတ်လ(၈)ရက် ကြာသပတေးနေ့

စာအမှတ် ။ ။ ၁၀/မ.မ.ရ.သ/သ၂၀၂၄

၁။ ရန်ကုန် - မန္တလေး အမြန်လမ်းမကြီး၏ မိုင်တိုင်(၇၆)တွင် ဖွင့်လှစ်ရောင်းချနေသော မင်္ဂလာ အဆင့်မြင့်စားသောက်ဆိုင်ပိုင်ရှင်၊ မန်နေဂျာနှင့် ဝန်ထမ်းများသည် ရှင်ရဟန်းပုံများအား ခရီးသွား ပြည်သူများ အပေါ့၊ အလေးစွန့်ရာ အိမ်သာများ၏ နံရံများတွင် ချိတ်ဆွဲကာ ဘာသာရေးစော်ကားမှု ပြုလုပ် ထားခြင်းကို အမြင်မတော်သဖြင့် ဘာသာ သာသနာကို ချစ်မြတ်နိုးသူ တစ်ဦးက ဖြုတ်ခိုင်းခဲ့သည်ကို လူမှုကွန်ရက်မှ ရဟန်းရှင်ပြည်သူများ သိရှိစေရန် ဖော်ပြပေးခဲ့သည့်အတွက် မင်္ဂလာအဆင့်မြင့် စားသောက် ဆိုင် တာဝန်ရှိသူများ၏ လုပ်ရပ်အပေါ် များစွာ စိတ်မကောင်း ဖြစ်ရပါသည်။

၂။ ဆိုင်ပိုင်ရှင်၊ မန်နေဂျာနှင့် ဆိုင်ဝန်ထမ်းများ၏ ထေရဝါဒ ဗုဒ္ဓမြတ်စွာသာသနာအပေါ် လက်ရှိ နိုင်ငံတော် ၏ မတည်ငြိမ်မူကို အခွင့်ကောင်းယူကာ ယခုလို ရည်ရွယ်ချက်ရှိရှိ စော်ကားမူ ပြုလုပ်ထားခြင်းအား အမြန် ဆုံး တောင်းပန်ပေးရန် တိုက်တွန်းတောင်းဆိုသည်။ အမြန်ဆုံး တောင်းပန်ဖြေရှင်းမှု မပြုလုပ်ပါက ဖြစ်ပေါ် လာမည့် အကျိုးဆက်အားလုံးသည် မင်္ဂလာဆိုင်ပိုင်ရှင်၊ မန်နေဂျာနှင့် ဝန်ထမ်းအားလုံး၏ တာဝန်သာ ဖြစ်သည်။

၃။ သက်ဆိုင်ရာ ခရိုင်၊ မြို့နယ် တာဝန်ရှိသူများအနေဖြင့် လူတစားကိုးကွယ်သည့် ဘာသာ သာသနာ အပေါ် ရည်ရွယ်ချက်ရှိရှိ ပျက်ရယ်ပြု စော်ကားသည့် လုပ်ရပ်နှင့် ပတ်သက်၍ အမြန်ဆုံး အရေးယူ ဆောင်ရွက်ပေးရန် တောင်းဆိုသည်။ မင်္ဂလာ စားသောက်ဆိုင် ပိုင်ရှင်၊ မန်နေဂျာနှင့် ဝန်ထမ်းများ၏ ယုတ်မာရိုင်းစိုင်းသော ယခုလုပ်ရပ်အား  မျိုးချစ်မြန်မာရဟန်းတော်များသမဂ္ဂ(ရန်ကုန်)မှ ပြင်းပြင်းထန်ထန် ဆန့်ကျင် ရှုတ်ချကြောင်း သဘောထားကြေငြာချက် ထုတ်ပြန်လိုက်သည်။


မျိုးချစ်မြန်မာရဟန်းတော်များသမဂ္ဂ(ရန်ကုန်)

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)