သာယာဝတီမြို့နယ်၌ ကလေးသူငယ်ချန်မထား လူကုန်ကူးမှုတိုက်ဖျက်သွား ဆိုင်းဘုတ်ဖွင့်ပွဲ ပြုလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

သာယာဝတီမြို့နယ်၌ ကလေးသူငယ်ချန်မထား လူကုန်ကူးမှုတိုက်ဖျက်သွား ဆိုင်းဘုတ်ဖွင့်ပွဲ ပြုလုပ်




သာယာဝတီ ၊ ဩဂုတ် ၂၉


ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီမြို့နယ်၌ အမှတ်(၂)လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့(သာယာဝတီ)မှ မြန်မာနိုင်ငံလူကုန်ကူးမူတိုက်ဖျက်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် လူကုန်ကူးမှုတားဆီးကာကွယ်ရေးအသိပညာပေး ဆိုင်းဘုတ်ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီက ပြုလုပ်သည်။


အဆိုပါ ဆိုင်းဘုတ်ဖွင့်ပွဲအခမ်းအနားကို သာယာဝတီမြို့ ရန်ကုန်-ပြည် ကားလမ်းဘေး ခရိုင်အားကစားကွင်းလမ်းဆုံ မိုင်တိုင်အမှတ်-၇၈/၆ နှင့် ၇၈/၇ကြား၌ ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးစိုးမြင့်သိန်း၊ ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး ဉာဏ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဆန်းဟိုတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးသည်။


အမှတ်(၂)လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့(သာယာဝတီ)အနေဖြင့် လူကုန်ကူးခံရခြင်းနှင့် ပတ်သက်သည့် ဆိုးကျိုးများ၊ လူကုန်ကူးမခံရအောင် သတိပြုရှောင်ရှားရမည့် အချက်များ၊ လူကုန်ကူးခံရခြင်းကြောင့် ဖြစ်ပေါ်လာသော စိတ်ပိုင်းဆိုင်ရာနှင့် ရုပ်ပိုင်းဆိုင်ရာဆိုးကျိုးများ၊ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး ဥပဒေများကို သာယာဝတီမြို့နယ်ရှိ အခြေခံပညာအထက်တန်းကျောင်းနှင့် အခြေခံပညာအထက်တန်းကျောင်း(ခွဲ)များတွင် အသိပညာပေးလုပ်ငန်းများကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)