မိုင်းတုံမြို့၌ မြို့နယ်စိုက်ညှိအဖွဲ့မှ လုပ်ငန်းညှိနှိုင်းအစည်းဝေးနှင့် မြေပြင်အခြေအနေ ကွင်းဆင်းစစ်ဆေး - MyanmarNationalPost

.com/img/a/

News Agency

Breaking

  
demo-image

မိုင်းတုံမြို့၌ မြို့နယ်စိုက်ညှိအဖွဲ့မှ လုပ်ငန်းညှိနှိုင်းအစည်းဝေးနှင့် မြေပြင်အခြေအနေ ကွင်းဆင်းစစ်ဆေး

 

2

မိုင်းတုံ  ၊  ဩဂုတ် ၂၃


ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းတုံခရိုင်၊ မိုင်းတုံမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးရုံးဝန်းရှိ မြို့နယ်အုပ်ချုပ်ရေးမှူးရုံးခန်းတွင် ယမန်နေ့ နေ့လယ် ၁ နာရီအချိန်က မြို့နယ်စိုက်ညှိအဖွဲ့မှ လုပ်ငန်းညှိနှိုင်းအစည်းဝေး ကျင်းပခဲ့ကြောင်း သိရသည်။


အဆိုပါ အစည်းအဝေးတွင် မြို့နယ်စိုက်ညှိအဖွဲ့ဥက္ကဋ္ဌ ဦးလွင်မိုးက ယခုအစည်းအဝေးပြုလုပ်ခြင်းသည် မိုးများသည်းထန်းစွာရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှုဖြစ်ပွားခဲ့ရာတွင် လယ်မြေပျက်စီးမှုရှိမရှိနဲ့စိုက်ထားပြီး စပါးပင်များအခြေအနေနှင့်ရေကျနေပြီးဖြစ်၍ ဆုံးရှုံးမှုစာရင်းအား အမြန်ဆုံးတင်ပြနိုင်ရေးပူးပေါင်းဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ မြေပြင်အခြေအနေကို တင်ပြနိုင်ရေးစသည်တို့ကို ဆွေးနွေးပြောကြားပြီးနောက် မြို့နယ်မြေစာရင်းမှ ဦးစီးအရာရှိဦးကိုကိုမောင်ကလည်းကောင်း၊ မြို့နယ်စိုက်ပျိုးရေးမှ ဦးစီးအရာရှိ ဦးထွန်းထွန်းဝင်းကလည်းကောင်း၊ မြို့နယ်စီမံကိန်းမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်သီတာအောင်ကလည်းကောင်း အသီးသီးတင်ပြကြရာ မြို့နယ်စိုက်ညှိအဖွဲ့ဥက္ကဋ္ဌ ဦးလွင်မိုးက လိုအပ်သည်များကိုဆွေးနွေး၍ အစည်းအဝေးရပ်နားပြီး နေ့လယ် ၂ နာရီ ၅၀ မိနစ်အချိန်တွင် မြို့နယ်စိုက်ညှိအဖွဲ့အားလုံးသည် နောင်ပါရင်/မြို့မ/ဝမ်နား စပါးစိုက်ကွင်းများအား ရေကြီးနစ်မြှုပ်၍ စိုက်ပျိုးသီးနှံများ ထိခိုက်ပျက်ဆီးမှုရှိ/မရှိကို ကွင်းဆင်းစစ်ဆေး၍ စာရင်းကောက်ယူလျက်ရှိကြောင်း မြို့နယ်စိုက်ညှိအဖွဲ့ဥက္ကဋ္ဌ ဦးလွင်မိုးထံမှ သိရှိရသည်။


ဝင်းဝင်းခိုင်

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Pages