ခမောက်ကြီးမြို့တွင် ပန်းခင်းစီမံချက်(၃)ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်ပေး - MyanmarNationalPost

.com/img/a/

News Agency

Breaking

  
demo-image

ခမောက်ကြီးမြို့တွင် ပန်းခင်းစီမံချက်(၃)ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်ပေး


%E1%81%81%E1%81%84

%E1%81%81%E1%81%85

%E1%81%81%E1%81%86


ခမောက်ကြီး ၊ ဩဂုတ် ၁၃


လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ကော့သောင်းမြို့နယ် ဦးစီးမှူးရုံးမှ ပန်းခင်းစီမံချက်(၃)ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်ပေးခြင်းကို ယမန်နေ့ နံနက်ပိုင်းတွင် ကော့သောင်းခရိုင်၊ ခမောက်ကြီးမြို့၊ အထွေထွေအုပ်ချုပ်ရေးမှူးရုံးတွင် ပြုလုပ်‌ပေးလျက်ရှိသည်။


အဆိုပါ ပန်းခင်းစီမံချက်(၃)ဖြင့် ကွင်းဆင်းဆောင်ရွက်ရာတွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ကော့သောင်းမြို့နယ် လဝကတိုက်နယ်မှူး ဦးထွန်းထွန်းဦး ဦးဆောင်သော အဖွဲ့တို့သည် ခမောက်ကြီးမြို့နှင့် အနီးတဝိုက်မှ ရပ်ကွက်‌၊ ကျေးရွာများမှ ပြည်သူများအား လိုအပ်သည့် အချက်အလက်များအား စိစစ်၍ လုပ်ထုံးလုပ်နည်းများနှင့်အညီ အိမ်ထောင်စုလူဦးရေစာရင်းနှင့် အသက်(၁၀)နှစ်ပြည့်ပြီး နိုင်ငံသားစိစစ်ရေးကတ်မရှိသေးသူများ၊ မှတ်ပုံတင်(လဲလှယ်)သူများအား နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်ပေးခြင်းနှင့် Biometric ဇီဝဆိုင်ရာအချက် အလက် ကောက်ယူခြင်းများ ဆောင်ရွက်ခဲ့ကြသည်။


အဆိုပါ ပန်းခင်းစီမံချက်(၃)ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်ရာတွင် ခမောက်ကြီးမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် ဌာနဆိုင်ရာများက လိုအပ်သည့် ကိစ္စရပ်များ ပူးပေါင်းဆောင်ရွက်ပေးခဲ့ကြပြီး ခမောက်ကြီးမြို့တွင်  ဩဂုတ်လ(၁၂)ရက်နေ့မှ (၁၄)ရက်နေ့ထိ (၃)ရက်တာ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Pages