ပြည်ထောင်စုဝန်ကြီး ဦးလှမိုး ရုရှားဖက်ဒရေးရှင်းနိုင်ငံ ရော့စ်ကွန်ကရက် ရင်းနှီးမြှုပ်နှံမှုရန်ပုံငွေအဖွဲ့မှ ကိုယ်စားလှယ်အဖွဲ့ကို လက်ခံတွေ့ဆုံ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပြည်ထောင်စုဝန်ကြီး ဦးလှမိုး ရုရှားဖက်ဒရေးရှင်းနိုင်ငံ ရော့စ်ကွန်ကရက် ရင်းနှီးမြှုပ်နှံမှုရန်ပုံငွေအဖွဲ့မှ ကိုယ်စားလှယ်အဖွဲ့ကို လက်ခံတွေ့ဆုံ


နေပြည်တော်၊ ဩဂုတ် ၃

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုးသည် ရုရှားဖက်ဒရေးရှင်းနိုင်ငံ ရော့စ်ကွန်ကရက် ရင်းနှီးမြှုပ်နှံမှုရန်ပုံငွေအဖွဲ့မှ ညွှန်ကြားရေးမှူး မစ္စတာအလက်စ်ဇန်းဒါး ဆာဂီးဗစ်ရှ် ရှတီရော့ဗ်ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့ကို ယမန်နေ့က အဆိုပါဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံသည်။

တွေ့ဆုံစဉ် ရုရှား-မြန်မာ ပူးပေါင်း၍ မြန်မာနိုင်ငံအတွင်း မြေဆီလွှာအရည်အသွေးကောင်းမွန်စေပြီး စိုက်ပျိုးရေးဆိုင်ရာ အကျိုးအမြတ်ရရှိစေရန်အတွက် ရုရှားနည်းပညာသုံး ရွက်ဖျန်းအားဆေးရည်ထုတ် စက်ရုံတည်ဆောက်နိုင်ရေး၊ နှစ်နိုင်ငံစီးပွားရေးနှင့် နည်းပညာဆိုင်ရာပူးပေါင်းဆောင်ရွက်မှု စာချွန်လွှာ (Memorandum of Cooperation – MOC) လက်မှတ် ရေးထိုးနိုင်ရေးကိစ္စရပ်များ၊ စက်ရုံတည်ဆောက်ရန် မြေနေရာရရှိရေးကိစ္စရပ်များ၊ ရုရှားနိုင်ငံမှသဘာဝရွက်ဖျန်းမြေဩဇာ ဆေးရည်တင်သွင်းမည့်ကိစ္စ၊ မြေပြင်တွင် လက်တွေ့စမ်းသပ်စိုက်ပျိုးသွားမည့်ကိစ္စ၊ တောင်သူအသိပညာပေးရေးကိစ္စရပ်များနှင့် အခြားလိုအပ်သည်များ ရှိပါကလည်း ပံ့ပိုးကူညီမည့်ကိစ္စရပ်များကို အပြန်အလှန်ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။

တွေ့ဆုံပွဲသို့ သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနမှ အဆင့်မြင့်အရာရှိကြီးများနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။


#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)