ကံမမြို့နယ်၌ ကျောင်းကျန်းမာရေး သီတင်းပတ်လှုပ်ရှားမှုအဖြစ် ဆေးရောင်ချယ်ပြိုင်ပွဲ ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကံမမြို့နယ်၌ ကျောင်းကျန်းမာရေး သီတင်းပတ်လှုပ်ရှားမှုအဖြစ် ဆေးရောင်ချယ်ပြိုင်ပွဲ ကျင်းပ

 


ကံမ ၊ ဩဂုတ် ၁၃


မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့နယ်၌ အခြေခံပညာဦးစီးဌာနနှင့် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနတို့ပူးပေါင်း၍ ကျောင်းကျန်းမာရေး သီတင်းပတ် လှုပ်ရှားမှုအဖြစ် ဆေးရောင်ချယ်ပြိုင်ပွဲကို ယနေ့နံနက်(၉)နာရီက အမှတ်(၂)ရပ်ကွက် အခြေခံပညာမူလတန်းကျောင်း(မြို့မ)၌ ကျင်းပပြုလုပ်ခဲ့သည်။


မြို့နယ်အတွင်း အခြေခံပညာကျောင်းများတွင် ကျောင်းသား/ကျောင်းသူများအား ကျန်းမာရေးနှင့်ပတ်သက်သော ဗဟုသုတမေးခွန်းပေါင်း(၁၀၀)ကို ဖြေဆိုစေခြင်း ဆေးရောင်ချယ်ပြိုင်ပွဲများ ကျင်းပပေးခြင်းများပြုလုပ်လျက်ရှိပြီး ထိုကဲ့သို့ ပြုလုပ်ပေးခြင်းဖြင့် ကျောင်းသူ/ကျောင်းသားများတွင် ကျန်းမာရေးနှင့်ပတ်သက်သော ဗဟုသုတများရရှိပြီး ကျန်းမာရေးနှင့်ညီညွတ်သည့်အပြုအမူ၊ ဘဝနေထိုင်မှုပုံစံများသိရှိကျင့်သုံး စွဲမြဲစေမည်ဖြစ်ပြီး ကျောင်းသားလူငယ်များ၏ ကျန်းမာရေးအဆင့်အတန်းမြှင့်တင်နိုင်မည်ဖြစ်ကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။


ကျော်ဇေယျဝင်း(ကံမ)            

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)