ရွှေတောင်မြို့နယ်တွင် ဧရာဝတီမြစ်ရေ တိုက်စားမှုကြောင့် ကမ်းပါးပြိုကျမှုအခြေအနေများအား ကွင်းဆင်း ကြည့်ရှုစစ်ဆေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရွှေတောင်မြို့နယ်တွင် ဧရာဝတီမြစ်ရေ တိုက်စားမှုကြောင့် ကမ်းပါးပြိုကျမှုအခြေအနေများအား ကွင်းဆင်း ကြည့်ရှုစစ်ဆေး

 




ရွှေတောင်  ၊  သြဂုတ် ၅

ပဲခူးတိုင်းဒေသကြီး၊ပြည်ခရိုင်၊ရွှေတောင်မြို့နယ် ၊ရွှေဟင်္သါကျေးရွာအုပ်စု၊စကားမြားကျေးရွာ ဧရာဝတီမြစ်ရေ တိုက်စားမှုကြောင့် ကမ်းပါးပြိုကျမှုအခြေအနေများအား ရွှေတောင်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးဟံဝင်းအောင်နှင့်အဖွဲ့ဝင်များက  ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။

    အဆိုပါ ကမ်းပါးပြိုကျမှုဖြစ်ပွားသည့်နေရာသို့ ရွှေတောင်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးဟံဝင်းအောင်နှင့်အဖွဲ့ဝင်များ၊သက်ဆိုင်ရာရေအရင်း အမြစ်နှင့် မြစ်ချောင်းများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ မြို့နယ်မြေစာရင်းဦးစီးဌာန၊မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့် မြို့နယ် သစ်တောဦးစီးဌာနတို့လိုက်ပါ၍ ကမ်းပြိုကမ်းစားဖြစ်ပွားနေမှုအခြေအနေ၊ ရေကြောင်းစီးဆင်းနေမှုအခြေအနေ၊ မြေအမျိုးအစား မြေခိုင်မာမှု ရှိ/ မရှိ အခြေအနေတို့အား ကြည့်ရှုစစ်ဆေးခဲ့ပြီး ရွှေဟင်္သါကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ၊ရာအိမ်မှူး၊ဆယ်အိမ်မှူး၊ရပ်မိရပ်ဖများနှင့် အစည်းအဝေး ပြုလုပ်၍ ကမ်းပါးပြိုကျမှုမှာ ယခင်နှစ်များတွင်လည်း ဖြစ်ပွားခဲ့ပြီး ယခုထပ်မံပြိုကျဖြစ်ပွားခဲ့ရာ ဧရာဝတီမြစ်နှင့် ကိုက်( ၁၀၀) ခန့်သာကွာဝေးသဖြင့် နေထိုင်ရန်အန္တရာယ်ရှိသည့် စကားမြားကျေးရွာ မြောက်ပိုင်းရှိ လူနေအိမ်ခြေ (၂၃) အိမ်၊ အိမ်ထောင်စု ( ၂၃) စုတို့ရှိ လူဦးရေ (၇၉) ဦးတို့အားဘေးလွတ်ကင်းရာ ကျေးရွာတောင်ပိုင်းသို့ ယာယီပြောင်းရွေ့နေထိုင်နိုင်ရေးစီစဥ်ဆောင်ရွက်ပေးခဲ့သည်။ယာယီပြောင်းရွေ့နေထိုင်သူများ၏ နေထိုင်မှု စားဝတ်နေရေးတို့အား ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးနှင့်အဖွဲ့ဝင်များက 

 စီစဥ်ဆောင်ရွက်ပေးလျက်ရှိကြောင်းသိရသည်။


ကိုကိုမင်း 

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)