ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ရန်ကုန်တိုင်းဒေသကြီး ပညာရည်ချွန်ဆုချီးမြှင့်ပွဲအခမ်းအနား ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ရန်ကုန်တိုင်းဒေသကြီး ပညာရည်ချွန်ဆုချီးမြှင့်ပွဲအခမ်းအနား ကျင်းပ









ရန်ကုန်၊ သြဂုတ် ၁၃

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံဖြိုးရေးပါတီ ရန်ကုန်တိုင်းဒေသကြီး၏ တက္ကသိုလ်ဝင်တန်းတွင် ထူးချွန်စွာအောင်မြင်ခဲ့ကြသော ပါတီ၏ တိုင်း/ ခရိုင်/ မြို့နယ် / ရပ်ကွက်၊ ကျေးရွာအုပ်စုရှိ ပါတီတာဝန်ရှိသူများ၏ သား/သမီးများအား ပညာရည်ချွန်ဆုချီးမြှင့်ပေးအပ်ပွဲအား သြဂုတ်လ (၁၃) ရက်နေ့ နံနက် (၈) နာရီခွဲအချိန်ခန့်က တိုင်းဒေသကြီးပါတီရုံး၏ အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ နိုင်ငံတော်အလံအလေးပြုခြင်း၊ နိုင်ငံတော်သီချင်းသံပြိုင်သီဆိုခြင်း တို့ကိုဆောင်ရွက်ခဲ့ပြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၊ ဗဟိုအလုပ်အမှုဆောင်၊ ရန်ကုန်တိုင်း ဒေသကြီးဥက္ကဋ္ဌ ဦးခင်မောင်စိုးက အဖွင့်အမှာစကားပြောကြားခဲ့ပြီး၊ ပညာရည်ချွန်ဆု ပေးအပ်ချီးမြှင့်ရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားခဲ့သည်။ 

အစီစဉ်အရ ၂၀၂၃/၂၀၂ ၄ပညာသင်နှစ် တက္ကသိုလ်ဝင်တန်း ထူးချွန်စွာအောင်မြင်ခဲ့ကြသော ကျောင်းသား/ကျောင်းသူများ (၁၀၃)ဦးအား ပညာရည်ချွန်ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ထောက်ပံ့ချီးမြှင့်ငွေများအား ပါတီတာဝန်ရှိသူများမှ အသီးသီးပေးအပ်ချီးမြှင့်ခဲ့ပြီး ကျောင်းသား/ကျောင်းသူများ၏ ကိုယ်စား ကျောင်းသားနှစ်ဦးမှ ကျေးဇူးတင်ဝမ်းမြောက်စကားပြောကြားခဲ့ပြီး အခမ်းအနားကိုအောင်မြင်စွာ ရုပ်သိမ်းခဲ့သည်။

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ နေပြည်တော် ဌာနချုပ်ရုံးတွင် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးမှ (၃)ဘာသာနှင့် အထက် ဂုဏ်ထူးရှင်များကို ပညာရည်ချွန်ဆုများ ချီးမြှင့် ပေးအပ်ခဲ့ပြီး တိုင်းဒေသကြီးနှင့် ပြည်နယ် ပါတီရုံးများတွင်လည်း ၂၀၂၃/၂၀၂ ၄ပညာသင်နှစ် တက္ကသိုလ်ဝင်တန်း အောင်မြင်သူများကို ပညာရည်ချွန်ဆု ပေးအပ်ချီးမြှင့်ခြင်း အခမ်းအနားများ တပြိုင်နက်ကျင်းပခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။


Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)