ချင်းပြည်နယ်အစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာဝန်ထမ်းများမှ ရှေ့တန်းရောက် တပ်မတော်သားများနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များအား အခြေခံစားသောက်ကုန်များ ထောက်ပံ့ပေးအပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ချင်းပြည်နယ်အစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာဝန်ထမ်းများမှ ရှေ့တန်းရောက် တပ်မတော်သားများနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များအား အခြေခံစားသောက်ကုန်များ ထောက်ပံ့ပေးအပ်





ဟားခါး၊ သြဂုတ် ၁၄

ချင်းပြည်နယ်အစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာဝန်ထမ်းများမှ ရှေ့တန်းရောက် တပ်မတော်သားများနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များအား အခြေခံစားသောက်ကုန်များ ထောက်ပံ့ပေးအပ်ပွဲအခမ်းအနားကို သြဂုတ်လ ၁၃ ရက် မွန်းလွဲ ၁ နာရီခွဲက ဟားခါးမြို့၊ ချင်းပြည်နယ်အစိုးရအဖွဲ့ရုံးရှိ ပြည်နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး၊ အမှတ် (၂၆၆) ခြေလျင်တပ်ရင်း၊ တပ်ရင်းမှူး၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် တပ်ဖွဲ့ဝင်များတက်ရောက်ကြသည်။

ဦးစွာ ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန်က ချင်းပြည်နယ်အစိုးရအဖွဲ့၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် ဒေသခံပြည်သူများ လုံခြုံအေးချမ်းစွာ အလုပ်လုပ်ကိုင်နိုင်ရေးနှင့် တရားဥပဒေစိုးမိုးရေးအတွက် ဆောင်ရွက်ပေးနေကြသော တပ်မတော်သားများနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ သက်သာချောင်ချိရေးအတွက် ချင်းပြည်နယ်အစိုးရအဖွဲ့မှ အခါအားလျော်စွာ ထောက်ပံ့ပေးလျက်ရှိပါကြောင်း၊ ယနေ့ကျင်းပသည့် ထောက်ပံ့ပေးအပ်သည့်အခမ်းအနားတွင် ချင်းပြည်နယ်အစိုးရအဖွဲ့ သာမကဘဲ ဌာနဆိုင်ရာဝန်ထမ်းများကပါ ပူးပေါင်းပါဝင်ထောက်ပံ့လျက်ရှိကြောင်း၊ ဤကဲ့သို့ တစ်ယောက်နှင့်တစ်ယောက် ထောက်ပံ့ကူညီခြင်းသည် အကျိုးသက်ရောက်မှု ကြီးမားပါကြောင်းနှင့် ချင်းပြည်နယ်အစိုးရအဖွဲ့အနေဖြင့် လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေးအတွက် အသက်ကို ပဓာနမထားဘဲ ဆောင်ရွက်နေကြသည့် ရှေ့တန်းရောက်တပ်မတော်သားများနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များကို နောင်တွင်လည်း ဆက်လက်ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း အမှာစကားပြောကြားသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က ရှေ့တန်းရောက် တပ်မတော်သားများအတွက် အခြေခံစားသောက်ကုန်များနှင့် ထောက်ပံ့ပစ္စည်းပေးအပ်ရာ ရှေ့တန်းရောက် တပ်မတော်သားများကိုယ်စား အမှတ် (၂၆၆) ခြေလျင်တပ်ရင်း ၊ တပ်ရင်းမှူးကလည်းကောင်း၊ ပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးသိန်းထွန်းအောင်က ရှေ့တန်းရောက် လုံခြုံရေးတပ်ဖွဲ့ဝင်များအတွက် အခြေခံ စားသောက်ကုန်များနှင့် ထောက်ပံ့ပစ္စည်းပေးအပ်ရာ ရှေ့တန်းရောက် လုံခြုံရေးတပ်ဖွဲ့ဝင်များကိုယ်စား ပြည်နယ်ရဲတပ်ဖွဲမှူးရဲမှူးကြီး စိုးလွင်မိုးကလည်းကောင်း လက်ခံရယူကြပြီး ရှေ့တန်းရောက်တပ်မတော်သားများနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များကိုယ်စား အမှတ်(၂၆၆) ခြေလျင်တပ်ရင်းမှူးက ကျေးဇူးတင်စကားပြောကြားကာ ရှေ့တန်းရောက် တပ်မတော်သားများနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များအား အခြေခံစားသောက်ကုန်များ ထောက်ပံ့ပေးအပ်ပွဲအခမ်းအနား ရုပ်သိမ်းသည်။

ယနေ့ကျင်းပြုလုပ်သည့် ရှေ့တန်းရောက် တပ်မတော်သားများနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များအား အခြေခံစားသောက်ကုန်များ ထောက်ပံ့ပေးအပ်ပွဲအတွက် ချင်းပြည်နယ်အစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာဝန်ထမ်းများမှ ကျပ် ၁၀,၃၇၉,၀၀၀/− ပေးအပ်ထောက်ပံ့ခဲ့ကြောင်း သိရသည်။


Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)