ဒုတိယဝန်ကြီး ဦးရင်မောင်ညွန့် အမှတ်(၁)သံမဏိစက်ရုံ (မြင်းခြံ) ကို စဉ်ဆက်မပြတ် လည်ပတ်ထုတ်လုပ်နိုင်ရေး စစ်ဆေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဒုတိယဝန်ကြီး ဦးရင်မောင်ညွန့် အမှတ်(၁)သံမဏိစက်ရုံ (မြင်းခြံ) ကို စဉ်ဆက်မပြတ် လည်ပတ်ထုတ်လုပ်နိုင်ရေး စစ်ဆေး


နေပြည်တော်၊ ဩဂုတ် ၂၇

စက်မှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရင်မောင်ညွန့်သည် ဩဂုတ် ၂၄ ရက်နံနက်ပိုင်းတွင် မန္တလေးတိုင်းဒေသကြီး မြင်းခြံမြို့ရှိ အမှတ်(၁)သံမဏိစက်ရုံ (မြင်းခြံ)သို့ရောက်ရှိပြီး အမှတ်(၁)အကြီးစားစက်မှုလုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူး၊ အထွေထွေမန်နေဂျာများ၊ စက်ရုံမှူးနှင့် တာဝန်ရှိသူများကို စက်ရုံအစည်းအဝေးခန်းမ၌ တွေ့ဆုံသည်။

ဦးစွာ ဒုတိယဝန်ကြီးက အမှတ်(၁)သံမဏိစက်ရုံ(မြင်းခြံ)သည် နိုင်ငံတော်အတွက် အဓိကလိုအပ်လျက်ရှိသော ဆောက်လုပ်ရေးနှင့်စက်မှုလုပ်ငန်းသုံး သံမဏိများ ထုတ်လုပ်နိုင်ရေးအတွက် ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်သည့် စက်ရုံတစ်ရုံဖြစ်ကြောင်း၊ ထို့ကြောင့် စက်ရုံကိုစဉ်ဆက်မပြတ်လည်ပတ်ထုတ်လုပ်နိုင်ရေးသည် အရေးကြီးပါကြောင်း၊ ဆက်လက်ဆောင်ရွက်ရမည့် စီမံကိန်းအပိုင်း(၂)နှင့် အပိုင်း(၃)တို့မှ ထွက်ရှိလာမည့် ကုန်ချောများသည်လည်း နိုင်ငံတော်၏ အခြေခံအဆောက်အအုံများဖြစ်သည့် လမ်း၊ တံတားစီမံကိန်းများနှင့် စက်မှုလုပ်ငန်းများအတွက် မရှိမဖြစ်အသုံးပြုရမည့် ကုန်ကြမ်းများဖြစ်ကြောင်း၊ သံနှင့်သံမဏိထုန်ကုန်ပစ္စည်းများကို ပြည်တွင်း၌ ထုတ်လုပ်လာနိုင်ခြင်းဖြင့် ပြည်ပသွင်းကုန် အစားထိုးနိုင်မည့်အပြင် နိုင်ငံခြားငွေသုံးစွဲရမှုကိုလည်း လျှော့ချပေးနိုင်မည်ဖြစ်ပါကြောင်း၊ ဝန်ထမ်းများအနေဖြင့်လည်း မိမိတို့တတ်မြောက်ထားသည့် ပညာရပ်များနှင့် အတွေ့အကြုံကောင်းများကို လက်တွေ့ ကျကျအသုံးချ၍ မိမိတို့စက်ရုံ၏ ကုန်ထုတ်လုပ်မှုတိုးတက်ရန် ကြိုးပမ်းကြစေလိုကြောင်းမှာကြားသည်။

ဆက်လက်၍ စက်ရုံစားရိပ်သာခန်းမ၌ စက်ရုံမှူးအပါအဝင် အရာထမ်းများ၊ အမှုထမ်းများနှင့် တွေ့ဆုံအားပေးစကားပြောကြားပြီး ဝန်ထမ်းများ၏ တင်ပြချက်များကို ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်း ဆောင်ရွက်ပေးသည်။

ထို့နောက် ဒုတိယဝန်ကြီးသည် စက်ရုံရှိ အလုပ်ရုံတစ်ခုချင်းအလိုက် စက်ပြန်လည်လည်ပတ်နိုင်ရေး စစ်ဆေးဆောင်ရွက်နေမှုအခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။


Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)