ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် စိုက်ပျိုးထုတ်လုပ်မှုတိုးတက်မြင့်မားရေးလုပ်ငန်းညှိနှိုင်း အစည်းအဝေးတက်ရောက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် စိုက်ပျိုးထုတ်လုပ်မှုတိုးတက်မြင့်မားရေးလုပ်ငန်းညှိနှိုင်း အစည်းအဝေးတက်ရောက်


ပုသိမ်၊ ဩဂုတ် ၂၈

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ(၁)တွင် စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ညနေပိုင်းကပြုလုပ်ခဲ့ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ တိုင်းဒေသကြီး စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေး လုပ်ငန်းကြီးကြပ်မှုကော်မတီဝင် ဌာနဆိုင်ရာများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ဦးစွာတိုင်းဒေသကြီးဝန်ကြီးချုပ်က “မြစ်ရေကြီးမှုဖြစ်စဉ်များ၊ မိုးအဆက်မပြတ်ရွာသွန်းမှုဖြစ်စဉ်များကြောင့် တိုင်းဒေသကြီးအတွင်း၌ ရေကြီးနစ်မြုပ်ခဲ့သည့် စိုက်ဧကများတွင်မိုးစပါး  ပြန်လည်ဖြည့်တင်းစိုက်ပျိုးနိုင်ရေးအတွက် တိုင်းဒေသကြီးစိုက်ပျိုးလုပ်မှုတိုးတက်မြင့်မားရေး လုပ်ငန်းကြီးကြပ်မှုကော်မတီဝင်များအနေဖြင့် ကွင်းဆင်းဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ ပျက်စီးစိုက်ဧကများတွင် အမြန်ပြန်လည်စိုက်ပျိုးနိုင်ရေးနှင့် ဒုတိယသီးနှံ အောင်ရေရရှိရေး အတွက် ဆောင်ရွက်သွားမည့် အစီအစဉ်များကိုလည်း တင်ပြကြရမည်ဖြစ်ပါကြောင်း၊ ပျက်စီး စိုက်ဧကများအား အစားထိုးပြန်လည် ဖြည့်တင်းဆောင်ရွက်ရာတွင် မျိုးစေ့ထုတ်ကုမ္ပဏီများ၊ သွင်းအားစုကုမ္ပဏီများဖြင့် ချိတ်ဆက်၍ မျိုးစပါးနှင့်သွင်းအားစုများအချိန်မီ ဈေးနှုန်း သက်သာစွာဖြင့် ထောက်ပံ့ပေးရန် လိုအပ်မည်ဖြစ်ပါကြောင်း၊ မိုးစပါးပြန်လည်စိုက်ပျိုးရာတွင် မျိုး၊ မြေ၊ ရေ၊ နည်း နည်းလမ်း(၄)သွယ်ဖြင့် စုစည်းမှု အားကောင်းကောင်းဖြင့် ဆောင်ရွက်ရမည်ဖြစ်ပါကြောင်းနှင့် စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေး လုပ်ငန်းကြီးကြပ်မှု ကော်မတီဝင်များက ဆွေးနွေးပေးရန်” အမှာစကား ပြောကြားသည်။

ထို့နောက် စိုက်ပျိုးရေးဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူးက မိုးသီးနှံများထိခိုက်ပျက်စီးမှုအပေါ် ပြန်လည်ကုစားအစားထိုး ဆောင်ရွက်နေမှုအခြေအနေများ၊ ရေမြုပ်ခံမျိုးစပါးစိုက်ပျိုးထားရှိမှု အခြေအနေများ၊ မျိုးစေ့ထုတ်ကုမ္ပဏီ၊ ဆန်စက်လုပ်ငန်းရှင်များနှင့် တောင်သူများလက်ဝယ်တွင် မျိုးစပါးရရှိနိုင်မှု အခြေအနေများနှင့် မိုးသီးနှံထိခိုက်ပျက်စီးသော ဧကများအား မျိုးစပါးနှင့်သွင်းအားစု ထောက်ပံ့ပေးမှုအခြေအနေများနှင့် လုပ်ငန်းညှိုနှိုင်းအစည်းအဝေး တက်ရောက်လာသူများ၏ အထွေထွေဆွေးနွေး တင်ပြချက်များအပေါ် တိုင်းဒေသကြီးဝန်ကြီးချုပ်က လိုအပ်သည်များကို ဖြည့်စွက်ဆွေးနွေးခဲ့ကာ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။


လှမင်းထွဋ်

Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)