ဟင်္သာတမြို့နယ်၌ အခြေခံပညာကျောင်းများတွင် အသိပညာပေးဟောပြော - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဟင်္သာတမြို့နယ်၌ အခြေခံပညာကျောင်းများတွင် အသိပညာပေးဟောပြော





ဟင်္သာတ | သြဂုတ် ၁၂


ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူးရုံးမှ ကျောင်းသား/သူများအကြား  ပတ်ဝန်းကျင်ဆိုင်ရာ အသိပညာတိုးပွားလာစေရန်နှင့် စွန့်ပစ်အမှိုက်များ စနစ်တကျ ခွဲခြားစွန့်ပစ်တတ်စေရန် ရည်ရွယ်၍ ယနေ့နံနက်၁၀ နာရီအချိန်တွင် ဟင်္သာတမြို့နယ် မရမ်းချိုကျေးရွာရှိ အခြေခံပညာမူလတန်းကျောင်း အ.မ.က(မရမ်းချို)၌ အသိပညာပေး ဟောပြောပွဲပြုလုပ်ခဲ့သည်​။


ဟောပြောပွဲတွင် မရမ်းချို (အ.မ.က) ကျောင်းမှ ကျောင်းအုပ်ဆရာကြီး ဦးသိန်းဝင်းက အဖွင့် အမှာစကား ပြောကြားခဲ့ပြီး ဟင်္သာတခရိုင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး၊ ဒေါ်မေသူအောင်က "ပလပ်စတစ်ညစ်ညမ်းမှု အန္တရာယ်အကြောင်း သိကောင်းစရာ" ခေါင်းစဉ်ဖြင့် ကျောင်းသား(၉၀)ဦး၊ ကျောင်းသူ(၈၂)ဦး၊ စုစုပေါင်း (၁၇၂)ဦးတို့အား အသိပညာပေး ဟောပြောခြင်း၊ ကျောင်းသား ကျောင်းသူများနှင့် ဆရာ၊ ဆရာမများအား ပလပ်စတစ်၏ ဆိုးကျိုးများ ခေါင်းစဥ်ပါ အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းနှင့် ကျောင်းပတ်ဝန်းကျင်သန့်ရှင်းရေးနှင့် အမှိုက်များ စနစ်တကျ စွန့်ပစ်တတ်သော အလေ့အကျင့်ကောင်းများ ရရှိလာစေရန် အမှိုက်ပုံးများ လက်ဆောင်ပေးအပ်ခြင်းတို့ကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

https://t.me/MyanmarNationalPost



No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)