ဖျာပုံမြို့နယ်တွင် မလေးရှားနိုင်ငံ ပင်လယ်ရေပြင်သို့ ပို့ဆောင်မည့် ငွေကျပ် ၆၉ ဘီလီယံတန်ဖိုးရှိ အိုက်စ်(မက်သ်အဖက်တမင်း) ၂ ဒသမ ၃ တန်နှင့်အတူ မူးယစ်မှောင်ခိုဂိုဏ်းအဖွဲ့အား ဖော်ထုတ်ဖမ်းဆီးရမိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဖျာပုံမြို့နယ်တွင် မလေးရှားနိုင်ငံ ပင်လယ်ရေပြင်သို့ ပို့ဆောင်မည့် ငွေကျပ် ၆၉ ဘီလီယံတန်ဖိုးရှိ အိုက်စ်(မက်သ်အဖက်တမင်း) ၂ ဒသမ ၃ တန်နှင့်အတူ မူးယစ်မှောင်ခိုဂိုဏ်းအဖွဲ့အား ဖော်ထုတ်ဖမ်းဆီးရမိ




နေပြည်တော်၊ သြဂုတ် ၂

လုံခြုံရေးတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဇူလိုင်လ ၂၂ ရက်နေ့ မွန်းလွဲ ၁ နာရီအချိန် သတင်းအရ ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံမြို့နယ်၊ ကမ်းနားကွင်းကျေးရွာ၊ ခါးပြတ်ချောင်းအတွင်း မောင်းနှင်လာသည့် ကုန်တင်စက်လှေအား စစ်ဆေးရန်ရပ်တန့်ခိုင်းစဉ် ရပ်တန့်ခြင်းမရှိဘဲ အရှိန်တင်မောင်းနှင်ထွက်ပြေးသဖြင့် လိုက်လံဖမ်းဆီးခဲ့ရာ ဌေးအောင်၊ ကျော်မြင့်နိုင်၊ ရဲဝင်းနိုင်၊ စောဟန် နှင့် ဆိတ်ဖေ တို့ ၅ ဦးအား ဒေသကာလတန်ဖိုးငွေကျပ် ၆၉ ဘီလီယံတန်ဖိုးရှိ စိတ်ပြောင်းဆေးဝါး အိုက်စ်(မက်သ်အဖက်တမင်း) ၂ ဒသမ ၃ တန်နှင့်အတူ ဖမ်းဆီးရမိခဲ့သည်။

စစ်ဆေးဖော်ထုတ်ချက်အရ ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ဥက္ကလာပမြို့နယ်၊ (ခ)ရပ်ကွက်၊ မြရတနာ(၈)လမ်းရှိ ဖမ်းမိစက်လှေပိုင်ရှင် လှမောင်ကြီး ၏ နေအိမ်မှ ပစ္စတိုသေနတ် ၁ လက်၊ ကျည်အိမ် ၁ ခု၊ ၉ မမကျည် ၅၀ တောင့်နှင့်အတူ ထွန်းအောင် အား လည်းကောင်း၊ သိမ်းဆည်းရမိ အိုက်စ်များ သယ်ဆောင်ရာ၌ ပူးပေါင်းပါဝင်သူများဖြစ်သည့် သန်းဌေး(ခ)အရှည်ကြီး အား ဖျာပုံမြို့နယ်၊ ဆင်မကျေးရွာ၌ လည်းကောင်း၊ စက်လှေပိုင်ရှင် လှမောင်ကြီး နှင့် ပဲ့နင်း သားကြီး(ခ)ဇော်သိန်းလှိုင် တို့အား လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်၊ (၁၁)ရပ်ကွက်တွင် PRADO မော်တော်ယာဉ် ၁ စီးနှင့် လည်းကောင်း၊ မင်းမျိုးထွန်း(ခ)ကိုမျိုးအား ပြင်ဦးလွင်မြို့နယ်၊ ပြင်စာကျေးရွာ၌ မူးယစ်ဆေးဝါး သယ်ဆောင်ရောင်းဝယ်ရာမှရရှိသည့် ငွေကျပ်သိန်း ၁၉၀ နှင့် လည်းကောင်း၊ အောင်ဆင့်ထွန်း(ခ)ကိုဆင့်(ခ)ကိုစိုင်း နှင့် ထိန်လင်းအောင်(ခ)ရောဘတ်(ခ)ခွန်ရဲလင်းဦး တို့အား ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ ပြည်ထောင်စုလမ်းမရှိ ဧည့်ရိပ်သာတွင် TOYOTA LANDCRUISER မော်တော်ယာဉ် ၁ စီး၊ HILUX SURF မော်တော်ယာဉ် ၂ စီးနှင့် လည်းကောင်း အသီးသီးဖမ်းဆီးရမိခဲ့ပြီး စစ်ဆေးဖော်ထုတ်ချက်များအရ သိမ်းဆည်းရမိ အိုက်စ်(မက်သ်အဖက်တမင်း)များအား ရှမ်းပြည်နယ်(တောင်ပိုင်း)မှ မလေးရှားနိုင်ငံ ပင်လယ်ရေပြင်သို့ သယ်ဆောင်ခြင်းဖြစ်ကြောင်း သိရသည်။ 

၎င်းတို့အား ဥပဒေအရ အရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများအား ဆက်လက်စစ်ဆေးဖော်ထုတ်လျက်ရှိကြောင်းနှင့် အမှုတွင်ဆက်စပ်ပါဝင်သူများ၏ ငွေကြေးအကျိုးအမြတ်များနှင့် ပိုင်ဆိုင်မှုများကို ငွေကြေးခဝါချမှုတိုက်ဖျက်ရေးဥပဒေအရ ဆက်လက်အရေးယူသွားမည်ဖြစ်ကြောင်း သိရသည်။


#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)