သနပ်ပင်မြို့နယ်ရုံး လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ စာဖတ်ဝိုင်းကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

သနပ်ပင်မြို့နယ်ရုံး လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ စာဖတ်ဝိုင်းကျင်းပ




သနပ်ပင်  ၊  ဩဂုတ်လ  ၁၆


ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ သနပ်ပင်မြို့နယ်ရုံး လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာပေမြတ်နိုးသူအသင်း(Book Club)အဖွဲ့တို့ပူးပေါင်း၍ စာရေးဆရာမခင်စောတင့်၏ "စွန့်စားမှုဆီသို့ခြေတစ်လှမ်းနှင့် အတွေးအမြင်စာစုများ" စာအုပ်ဖြင့် စာဖတ်ဝိုင်းဆွေးနွေးပွဲကို ယနေ့နံနက်(၁၀)နာရီက ကျင်းပခဲ့သည်။


ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးဒေါ်သန်းသန်း၀င်းက စာဖတ်ဝိုင်းပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားပြီး စာပေမြတ်နိုးသူအသင်း(Book Club)အဖွဲ့ဝင် ဒေါ်ဝင့်သီရိ​အောင်က စာရေးဆရာမ ခင်စောတင့်၏ "စွန့်စားမှုဆီသို့ခြေတစ်လှမ်းနှင့် အတွေးအမြင်စာစုများ"စာအုပ်မှ "လမ်းလျှောက်ထွက်ကြမယ်" ခေါင်းစဉ်ငယ်တွင်ပါရှိသော လမ်းလျှောက်ခြင်းသည် လူသားတို့အတွက်အကောင်းဆုံးဆေးဖြစ်ကြောင်း၊ မှန်မှန်လမ်းလျှောက်ခြင်းဖြင့် နှလုံးရောဂါ၊ သွေးတိုး၊ လေဖြတ်ခြင်းနှင့် ဆီးချို၊ ကင်ဆာစသည့်ရောဂါတို့ လျော့ပါးစေနိုင်ကြောင်း၊ လမ်းလျှောက်ခြင်းဖြင့်အသက်ရှည်ရှည်နေရခြင်း၊ စိတ်ဖိစီးမှုနှင့် စိတ်ကျရောဂါများကိုလည်း သက်သာပျောက်ကင်းစေကြောင်း၊ တစ်နေ့ကိုမိနစ်သုံးဆယ်လောက် ခပ်သွက်သွက်လမ်းလျှောက်ပေးရန်လိုအပ်ကြောင်း၊ လမ်းလျှောက်ခြင်းက အသက်ရှုနှုန်းနှင့် နှလုံးခုန်နှုန်းများကို အကျိုးပြုစေသည့်လေ့ကျင့်ခန်းတစ်ခုဖြစ်ကြောင်း၊ ကိုယ်ခန္ဓာအစိတ်အပိုင်းများဆီကို အောက်စီဂျင်ဖြန့်ဝေပေးခြင်းကိုလည်း ပိုမိုထိရောက်စွာ အကျိုးပြုစေပြီး ခန္ဓာကိုယ်လည်ပတ်မှုလုပ်ငန်းပိုမိုကောင်းမွန်လာခြင်းနှင့် ရောဂါများကာကွယ်ပေးခြင်းကြောင့် လူတိုင်းလမ်းလျှောက်သင့်ပါကြောင်း ဦးဆောင်ဆွေးနွေးကာ ဆွေးနွေးပွဲသို့တက်ရောက်လာသူများက သိရှိလိုသည်များကိုအပြန်အလှန်မေးမြန်းဆွေးနွေးခဲ့ကြောင်း သိရသည်။


အောင်မြင့်မြတ်

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)