ကချင်ပြည်နယ်ဝန်ကြီးချုပ် e-Government လုပ်ငန်းစဉ်များ အကောင်အထည်ဖော်ရေး ဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးနှင့် ကချင်ပြည်နယ်အစိုးရအဖွဲ့နှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ နုကျန်းပြည်နယ်ခွဲတို့ အကြား နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးနိုင်ရေး ညှိနှိုင်းဆွေးနွေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကချင်ပြည်နယ်ဝန်ကြီးချုပ် e-Government လုပ်ငန်းစဉ်များ အကောင်အထည်ဖော်ရေး ဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးနှင့် ကချင်ပြည်နယ်အစိုးရအဖွဲ့နှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ နုကျန်းပြည်နယ်ခွဲတို့ အကြား နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးနိုင်ရေး ညှိနှိုင်းဆွေးနွေး


မြစ်ကြီးနား၊ သြဂုတ် ၂

ပြည်နယ်ဝန်ကြီးချုပ်သည် ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ ပြည်နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ပြည်နယ်အတွင်း e-Government လုပ်ငန်းစဉ်များ အကောင်အထည်ဖော်ရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ကျင်းပပြုလုပ်သည်။

အဆိုပါ လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ပြည်နယ်ဝန်ကြီးချုပ်က ပြည်နယ်အတွင်း e-Government အကောင်အထည်ဖော်ရေးလုပ်ငန်းများကို အရှိန်အဟုန်မြင့်ဆောင်ရွက်နိုင်ရေးအတွက် e-Government ဦးဆောင်ကော်မတီ၏ လမ်းညွှန်မှုနှင့်အတူ ဆောင်ရွက်လျက်ရှိပါကြောင်း၊ သို့ဖြစ်ပါ၍ လုပ်ငန်းများတိုးမြှင့်ဆောင်ရွက်ရာတွင် ဌာနဆိုင်ရာများအနေဖြင့်လည်း လိုက်ပါဆောင်ရွက်ကြရမည် ဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ ခေတ်နှင့်အညီ တိုးတက်ပြောင်းလဲလာသည့် နည်းပညာခေတ်တွင် e-Government စနစ်သည် အရေးပါလာသည့်အတွက် ဌာနတစ်ခုနှင့် တစ်ခုချိတ်ဆက်ပြီး ပူးပေါင်းဆောင်ရွက်ရာတွင်လည်းကောင်း၊ ပြည်သူများ သတင်းအချက်အလက်နှင့် ဝန်ဆောင်မှုများရယူရာတွင်လည်းကောင်း ပိုမိုလွယ်ကူမြန်ဆန်စေရေး နည်းပညာပိုင်းဆိုင်ရာလိုအပ်ချက်များ၊ လူသားအရင်းအမြစ်များ ဖြည့်ဆည်းဆောင်ရွက်နိုင်ရေး အားလုံးက ဝိုင်းဝန်းအကြုံပြု ပူးပေါင်းဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်း တိုက်တွန်းမှာကြားသည်။

ထို့နောက် အခမ်းအနားတက်ရောက်လာကြသည့် ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ကွန်ပျူတာတက္ကသိုလ်နှင့် နည်းပညာတက္ကသိုလ် ဒုတိယပါမောက္ခချုပ်များ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများနှင့် နည်းပညာအကြံပေး ဒေါက်တာသီဟန်ဇော်တို့က e-Government အကောင်အထည်ဖော်ရေးဆိုင်ရာ အခြေခံအဆောက်အအုံ လိုအပ်ချက်များ၊ လူသားအရင်းအမြစ်နှင့် နည်းပညာရှင်များ မွေးထုတ်လေ့ကျင့်ပေးရမည့် ကိစ္စရပ်များ၊ အထောက်အကူပြုသင်တန်းဖွင့်လှစ်ပေးရမည့် ကိစ္စရပ်များကို အကြံပြုတင်ပြဆွေးနွေးကြရာ ပြည်နယ်ဝန်ကြီးချုပ်က တက်ရောက်လာသူများနှင့် e-Government ဦးဆောင်ကော်မတီနှင့် အကောင်အထည်ဖော်ရေးဆိုင်ရာ လုပ်ငန်းကော်မတီများကို ပြင်ဆင် ဖြည့်စွက်ဖွဲ့စည်းပေးခဲ့ပြီး လိုအပ်သည်များကို တစ်ဆင့်ပြီး တစ်ဆင့်အရွေ့ရှိအောင်အကောင် အထည်ဖော်နိုင်ရေး ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။

ယင်းနောက် မွန်းလွဲပိုင်းတွင် အဆိုပါ အစည်းအဝေးခန်းမ၌ ပြည်နယ်အစိုးရအဖွဲ့နှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ယူနန်ပြည်နယ်၊ နုကျန်းပြည်နယ်ခွဲ ပြည်သူ့အစိုးရတို့အကြား နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးနိုင်ရေး ကော်မတီအဖွဲ့ဝင်နှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဆက်လက်ကျင်းပပြုလုပ်ခဲ့ပြီး ပြည်နယ်ဝန်ကြီးချုပ်က နှစ်နိုင်ငံပြည်နယ်နှစ်ခုအကြား အပြန်အလှန်ဖလှယ်မှုနှင့် ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုအားကောင်းလာစေရေး၊ သာယာဝပြောရေးနှင့် ဖွံ့ဖြိုးတိုးတက်မှုကို မြှင့်တင်ရေးအတွက် နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှုကိုအခြေခံပြီး တည်ဆဲဥပဒေများကို အလေးထားလိုက်နာကာ မိမိတို့အနေဖြင့် ပူးပေါင်းဆောင်ရွက်မှုစာချွန်လွှာကို လက်မှတ်ရေးထိုးနိုင်ရေး စာချုပ် (မူကြမ်း)ကို ဆွေးနွေးသွားရမည်ဖြစ်ပါကြောင်း တိုက်တွန်းမှာကြားသည်။

ထို့နောက် နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးနိုင်ရေးကော်မတီဥက္ကဋ္ဌ၊ ပြည်နယ်အစိုးရအဖွဲ့ဝင် စီးပွားရေးရာဝန်ကြီးဦးမျိုးဆွေက နားလည်မှုစာချွန်လွှာ (မူကြမ်း) ပါ ပူးပေါင်းဆောင်ရွက်မည့် အချက်များနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြပြီး ကော်မတီအတွင်းရေးမှူး၊ ဒေါက်တာသိမ့်သိမ့်မိုးက စာချွန်လွှာ (မူကြမ်း) နှင့် ပတ်သက်၍ပြင်ဆင်၊ ဖြည့်စွက်ပြီးစီးမှု အခြေအနေများနှင့် စာချုပ်ပါအချက်များအလိုက် ထပ်မံအကြုံပြု ဖြည့်စွက်နိုင်ရေးရှင်းလင်းတင်ပြကြရာ တက်ရောက်လာကြသည့် ပြည်နယ်ဥပဒေချုပ်နှင့် ဌာနဆိုင်ရာများက စာချုပ်ပါ အချက်များအပေါ် ပြင်ဆင်ဖြည့်စွက်နိုင်ရေး အကြုံပြုရှင်းလင်းတင်ပြကြရာ ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များကို ညှိနှိုင်းပေါင်းစပ် ဖြည့်စွက်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။


#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)