နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးလွင်ဦး က နယူးယောက်မြို့ရှိ ကုလသမဂ္ဂအဖွဲ့အစည်းများနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအဖွဲ့အစည်းများ၏ အရေးပေါ်ညွှန်ကြားရေးမှူးများအဖွဲ့ (Emergency Directors Group – EDG) ဥက္ကဋ္ဌ Ms. Edem Wosornu ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးလွင်ဦး က နယူးယောက်မြို့ရှိ ကုလသမဂ္ဂအဖွဲ့အစည်းများနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအဖွဲ့အစည်းများ၏ အရေးပေါ်ညွှန်ကြားရေးမှူးများအဖွဲ့ (Emergency Directors Group – EDG) ဥက္ကဋ္ဌ Ms. Edem Wosornu ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံ

 




နေပြည်တော်၊ သြဂုတ် ၂၇

နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးလွင်ဦးသည် နယူးယောက်မြို့ရှိ ကုလသမဂ္ဂ အဖွဲ့အစည်းများနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အဖွဲ့အစည်းများ၏ အရေးပေါ် ညွှန်ကြားရေးမှူးများအဖွဲ့ (Emergency Directors Group – EDG) ဥက္ကဋ္ဌနှင့် ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (UNOCHA) ၏ လုပ်ငန်းလည်ပတ်မှုနှင့် လူသားချင်း စာနာမှုလုပ်ငန်းများ တုံ့ပြန်မှုဆိုင်ရာဌာန၏ ညွှန်ကြားရေးမှူးဖြစ်သူ Ms. Edem Wosornu ဦးဆောင် သည့် ကိုယ်စားလှယ်အဖွဲ့အား ၂၀၂၄ ခုနှစ်၊ ဩဂုတ်လ ၂၇ ရက်၊ နံနက် ၁၁:၀၀ နာရီတွင် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံခဲ့သည်။

ထိုသို့တွေ့ဆုံစဉ် မြန်မာအစိုးရနှင့် ကုလသမဂ္ဂတို့အကြား လတ်တလော ပူးပေါင်းဆောင်ရွက် နေမှုများနှင့် ဆက်လက်ပူးပေါင်းဆောင်ရွက်ရေးကိစ္စရပ်များ၊ လိုအပ်နေသည့် ပြည်သူများထံသို့ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီများပေးအပ်နေမှုအခြေအနေတို့နှင့် ပတ်သက်၍ နှစ်ဖက် ရင်းနှီးစွာ အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြသည်။  

အစည်းအဝေးသို့ နိုင်ငံခြားရေးဝန်ကြီးဌာနမှ အမြဲတမ်းအတွင်းဝန်နှင့် အဆင့်မြင့်အရာရှိကြီး များ၊ EDG ၏ ညွှန်ကြားရေးမှူးများဖြစ်ကြသည့် ဂျီနီဗာမြို့ရှိ လူသားချင်းစာနာမှုဆိုင်ရာ တုံ့ပြန်ရေး လုပ်ငန်းစဉ်ချမှတ်သည့်အဖွဲ့ (SCHR) ၏ အမှုဆောင်အတွင်းရေးမှူး၊  ဂျီနီဗာမြို့ရှိ WHO အဖွဲ့၏ ကျန်းမာရေးဆိုင်ရာ အရေးပေါ်တုံ့ပြန်မှု ညွှန်ကြားရေးမှူးတို့နှင့် ရန်ကုန်မြို့အခြေစိုက် ကုလသမဂ္ဂယာယီ ဌာနေညှိနှိုင်းရေးမှူးနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ယာယီညှိနှိုင်း ရေးမှူး၊ UNOCHA ၏ မြန်မာနိုင်ငံဆိုင်ရာအကြီးအကဲနှင့် UNOCHA ၏ ညှိနှိုင်းရေးဆိုင်ရာဌာနခွဲ ၏အကြီးအကဲတို့ ပါဝင်တက်ရောက်ခဲ့ကြသည်။


Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)