ရွှေတောင်မြို့နယ် ရက်ကန်းနှင့် အသက်မွေးပညာသင်တန်းကျောင်းတွင် GENDER , CEDAW ,NSPAW အသိပညာပေးသင်တန်းဖွင့်လှစ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရွှေတောင်မြို့နယ် ရက်ကန်းနှင့် အသက်မွေးပညာသင်တန်းကျောင်းတွင် GENDER , CEDAW ,NSPAW အသိပညာပေးသင်တန်းဖွင့်လှစ်

 



ရွှေတောင် ၊ သြဂုတ်  ၁၆

    ပဲခူးတိုင်းဒေသကြီး၊ပြည်ခရိုင်၊ရွှေတောင်မြို့နယ် လူမှုဝန်ထမ်းဦးစီးဌာနမှ ကြီးမှူးဖွင့်လှစ်သော GENDER ,CEDAW ,NSPAW အသိပညာပေးသင်တန်းကို အသေးစားစက်မှုလက်မှုဦးစီးဌာန ၊ရက်ကန်းနှင့်အသက်မွေးပညာသင်တန်းကျောင်းတွင် ယ နေ့ နံနက်ပိုင်းက ဖွင့်လှစ်ခဲ့သည်။

      အခမ်းအနားတွင် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်နန်းမြအေးက သင်တန်း အဖွင့်အမှာစကားပြောကြားခဲ့သည်။ ဆက်လက်၍ ရွှေတောင်မြို့နယ်၊ လူမှုဝန်ထမ်းဦးဌာန ဦးစီးအရာရှိ ဒေါ်မိမိချို နှင့် ပြည်ခရိုင် လူမှုဝန်ထမ်းဦးဌာန ဦးစီးမှူး ဒေါ်မို့မို့အေးတို့က GENDER , CEDAW ,NSPAW  အသိ ပညာပေး အမျိုးသမီးများ အပေါ်အကြမ်းဖက်မှုအကြောင်းအရာများအကြောင်းအား အကျယ်       တဝင့် အသိပညာပေး ဆွေးနွေးခဲ့ကြပြီး တက်ရောက်လာသည့် သင်တန်းသား၊သင်တန်းသူများကသိရှိလိုသည်များကို မေးမြန်းရာ သင်တန်း ဆရာမများမှ ပြန်လည်ဖြေကြားပေးခဲ့သည်။ 

   အဆိုပါသင်တန်းသို့ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်နန်းမြအေးနှင့်အဖွဲ့ဝင်များ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေး အသင်းအဖွဲ့များ ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီ တပ်ဖွဲ့ဝင်များ၊ ပရဟိတ အသင်းအဖွဲ့များ ၊သင်တန်းသား၊သင်တန်းသူ ( ၅၀) ဦး တက်ရောက်ခဲ့ပြီး သင်တန်းကာလ( ၁) ရက်ဖွင့်လှစ်ခဲ့ကြောင်းသိရသည်။

ကိုကိုမင်း 

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)