ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင် မြန်မာနိုင်ငံဆိုင်ရာ ထိုင်းနိုင်ငံသံအမတ်ကြီး H.E. Mr. Mongkol Visitstump နှင့်အဖွဲ့ကို လက်ခံတွေ့ဆုံ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင် မြန်မာနိုင်ငံဆိုင်ရာ ထိုင်းနိုင်ငံသံအမတ်ကြီး H.E. Mr. Mongkol Visitstump နှင့်အဖွဲ့ကို လက်ခံတွေ့ဆုံ


နေပြည်တော်၊ ဩဂုတ် ၇

လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်သည် မြန်မာနိုင်ငံဆိုင်ရာ ထိုင်းနိုင်ငံသံအမတ်ကြီး H.E. Mr. Mongkol Visitstump နှင့်အဖွဲ့ကို ယမန်နေ့က နေပြည်တော်ရှိ အဆိုပါဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

တွေ့ဆုံစဉ် မြန်မာနိုင်ငံတွင် လာမည့်အောက်တို ဘာလအတွင်း ပြည်လုံးကျွတ်သန်းခေါင်စာရင်း ကောက်ယူနိုင်ရေးအတွက် ကြိုတင်ပြင်ဆင်ခြင်း လုပ်ငန်းများ ဆောင်ရွက်နေမှုနှင့် လုံခြုံရေးနှင့် လမ်းပန်းဆက်သွယ်ရေးအခြေအနေအရ ဒေသအချို့တွင် ရက်တိုးမြှင့်ကောက်ယူနိုင်ရေးအတွက် ဆောင်ရွက်မည့်အစီအစဉ်၊ သန်းခေါင်စာရင်းကောက်ယူခြင်းလုပ်ငန်း၏ အရေးကြီးမှုနှင့် မြန်မာနိုင်ငံ၏ သန်းခေါင်စာရင်းကောက်ယူခြင်းလုပ်ငန်းအပေါ် လိုအပ်သည်များရှိပါက ထိုင်းနိုင်ငံမှ ပံ့ပိုးကူညီဆောင်ရွက်ပေးမည့်အခြေအနေ၊ ထိုင်းနိုင်ငံအတွင်းရှိ မြန်မာအလုပ်သမားများ တရားဝင်အလုပ်လုပ်ကိုင်နိုင်ရေးအတွက် စီစဉ်ဆောင်ရွက်ပေးနေမှုနှင့် မြန်မာနိုင်ငံအတွင်း တရားမဝင်ရောက်ရှိနေသည့် ထိုင်းနိုင်ငံသားများအား ရှာဖွေကူညီဆောင်ရွက်ပေးနိုင်ရေးအခြေအနေ၊ နှစ်နိုင်ငံနယ်စပ်ဒေသအပါအဝင် နှစ်နိုင်ငံပြည်သူများ တရားဝင် ဝင်/ထွက် သွားလာနိုင်ရေးနှင့် တရားမဝင် ဝင်/ထွက်မှုမရှိစေရေးအတွက် နှစ်နိုင်ငံတာဝန်ရှိသူအချင်းချင်း ပူးပေါင်းဆောင်ရွက်နိုင်ရေးအခြေအနေ၊ နှစ်နိုင်ငံလူကုန်ကူးမှုတားဆီးကာကွယ်ရေးနှင့် Online ဂိမ်းများဖြင့် လိမ်လည်မှုများဆောင်ရွက်နေသူများကို ထိရောက်စွာတားဆီးကာကွယ်နိုင်ရေးအတွက် နှစ်နိုင်ငံလူဝင်မှုကြီးကြပ် ရေးဆိုင်ရာလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်နိုင်ရေး အခြေအနေတို့နှင့်စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ်ဆွေးနွေးသည်။

တွေ့ဆုံပွဲသို့ ဒုတိယဝန်ကြီး ဦးဌေးလှိုင်နှင့် ဒေါက်တာမျိုးသန့်၊ လူဝင်မှုကြီးကြပ်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးရဲထွန်းဦးနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။


#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)