မန္တလေး ယူနန်ဗုဒ္ဓဘာသာဘုရားကျောင်းဂေါပကအဖွဲ့က စုပေါင်းဘုံဆွမ်းလောင်းလှူ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မန္တလေး ယူနန်ဗုဒ္ဓဘာသာဘုရားကျောင်းဂေါပကအဖွဲ့က စုပေါင်းဘုံဆွမ်းလောင်းလှူ

 






မန္တလေး ၊   ဩဂုတ် ၁၂


မန္တလေး၊ ချမ်းအေးသာစံမြို့နယ်၊ လမ်း (၈၀) ပေါ်ရှိ ယူနန်ဗုဒ္ဓဘာသာဘုရားကျောင်း ဂေါပကအဖွဲ့က ဦးစီး၍ တရုတ်နိုင်ငံကုန်သည်ကြီးများအသင်း (မန္တလေး)နှင့် တရုတ်ကုန်သည်ကြီးများအသင်း (အထက်မြန်မာပြည်)တို့က ဧကဒသမအကြိမ်မြောက် (စတုတ္ထပတ်) စုပေါင်းဘုံဆွမ်း လောင်းလှူပွဲကို ယနေ့ နံနက် ၆ နာရီက လောင်းလှူကြသည်။


ထိုသို့ ဘုံဆွမ်းလောင်းလှူပွဲတွင် ငွေတောင်‌ကျောင်းတိုက်၊ ကင်းဝန်မင်းကြီးကျောင်းတိုက်၊ ယဉ်ပုံကျောင်းတိုက်နှင့် အကောက်ဝန်ကျောင်းတိုက်တို့မှ သံဃာတော်အရှင်သူမြတ်အပါး (၂၅၀) တို့အား ပင့်ဖိတ်၍ ဆွမ်း၊ ဆွမ်းဟင်းများ၊ လှူဖွယ်ပစ္စည်းများနှင့် နဝကမ္မဝတ္ထု‌‌ငွေများ ဆက်ကပ်လောင်းလှူကြ‌ကြောင်း သိရသည်။


မြင့်မော်ထွန်း

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)