ချောင်းဦးမြို့နယ်၊ ကံကြီးကုန်းကျေးရွာကို KIA, PDF ပူးပေါင်းအဖွဲ့များက ဘာကြောင့်တိုက်ခိုက်တာလဲ (အိတ်ဖွင့်ပေးစာ) - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ချောင်းဦးမြို့နယ်၊ ကံကြီးကုန်းကျေးရွာကို KIA, PDF ပူးပေါင်းအဖွဲ့များက ဘာကြောင့်တိုက်ခိုက်တာလဲ (အိတ်ဖွင့်ပေးစာ)



သြဂုတ် ၂၇ မှ ၃၀ ရက်နေ့အထိ စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊ ကံကြီးကုန်း ပသစ ရွာ မှာ ၄ရက်ကြာ ရက်စက်ပြင်းထန်တဲ့ တိုက်ပွဲ ဖြစ်ပေါ်ခဲ့ပါတယ်။ ကံကြီးကုန်းတိုက်ပွဲတွေကို ငွေကြေးအင်အား အလုံးအရင်းနဲ့ စီစဉ်ပေးတဲ့ရွာက ချောင်းဦးမြို့နယ်က အနိမ့်(သုံးပန်လှ)ရွာဖြစ်ပါတယ်။ အနိမ့်ရွာမှ NLD လွှတ်တော် အမတ်လောင်း မျိုးဝင်း အိမ်မှာ မကွေး၊ မြင်းခြံ၊ မြောင်၊ ချောင်းဦး PDF အကြမ်းဖက်သမား ထောင်ဂဏန်းနီးပါး စခန်းချပါတယ်။ အနိမ့်ရွာမှ လူချမ်းသာ ဒေါ်ခင်နှင်းက "သုံးပန်လှ လူမှုကူညီရေးအသင်း" လို့ အမည်ခံပြီး PDF အကြမ်းဖက်သမားများကို ထောက်ပို့ပေးရန်အတွက် ဟန်ပြ တည်ထောင်ထားပါတယ်။

ဒေါ်ခင်နှင်းဟာ ကံကြီးကုန်း တိုက်ပွဲကာလမှာ KIA နှင့် PDF တစ်ထောင်ကျော်တို့ ၏ ထမင်းရှင်အဖြစ် ဆောင်

ရွက်ပါတယ်။ အနိမ့်ရွာသား သိန်းပိုင်နှင့် သူ့သားဖြစ်သူတွေဟာ လက်နက်ဝယ်ယူရေးနှင့် ဒရုန်းထောက်ပံ့ရေး တာဝန်ခံတွေဖြစ်ပါတယ်။ အနိမ့်ရွာမှာ KIA, PDF အကြမ်းဖက်သမားများ အခြေပြု လှုပ်ရှားနေမှု အခြေအနေများကို တင်ပြခဲ့ကြသော်လည်း တစ်ကြိမ် တစ်ခါမှ နှိမ်နင်းဆောင်ရွက်ခြင်း မရှိပါဘူး။


ကံကြီးကုန်းကျေးရွာကို တိုက်ခိုက်ရာမှာ KIA အကြမ်းဖက်သမား ၁၅၀ ခန့် ပါဝင်မှုနဲ့အတူ လက်နက်ခဲယမ်း အဓိက ထောက်ပံ့ပေးတာလည်း KIA ဆီကပဲ ဖြစ်ပါတယ်။ ၂၈ရက် နေ့ခင်းတိုက်ပွဲအပြီး ညဘက်မှာ ကံကြီးကုန်းစခန်းကို ဒရုန်း စစ်ဆင်ရေးလုပ်တယ်။ KIA, PDF အကြမ်းဖက်သမားတွေက ကံကြီးကုန်းစခန်း ၏ အနောက်ဘက်တည့်တည့် ကပ်လျက် ရှိသော ချင်းတွင်းမြစ်ကြောင်းမှာ စက်လှေအကြီးနှစ်စီးဖြင့် ထိန်းချုပ်ကာ တိုက်ခိုက်ခဲ့ကြခြင်းပဲ ဖြစ်ပါတယ်။

ကံကြီးကုန်းကျေးရွာရဲ့ အမျိုး၊ ဘာသာ၊ သာသနာ ချစ်စိတ်နဲ့ တပ်မတော် ချစ်စိတ်ကြောင့် ကံကြီးကုန်းရွာဟာ PDF အကြမ်းဖက်သမားတွေရဲ့ အမုန်းဆုံးရွာ ဖြစ်နေပါတယ်။ ကံကြီးကုန်းရွာဟာ စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ် အတွင်းမှာ ပါသော်လည်း မကွေးတိုင်းနှင့်သာ ပို၍ ထိစပ်နေပါတယ်။ ချောင်းဦးမြို့နယ် အနောက်ခြမ်းမှ သီးခြားကွဲထွက်နေသော ပသစ ရွာလေးဖြစ်ပြီး ချင်းတွင်းမြစ်၏ အရှေ့ဘက်ကမ်းမှာ ရှိပါတယ်။

အနောက်ဘက်မှာ ရေစကြိုမြို့နယ်နှင့် ဆားလင်းကြီးမြို့နယ်၊ တောင်ဘက်မှာ မြင်းခြံ-မြောင် တစ်ဆက်

တည်း ဆက်စပ်လျက်ရှိပါတယ်။ ကံကြီးကုန်း ပြည်သူစစ်ကျေးရွာ ရှိနေတဲ့အတွက် PDF အကြမ်းဖက်သမားများအနေနဲ့ ချင်းတွင်းမြစ်ကြောင်းစိုးမိုးရေးကို ဒုက္ခရောက်စေပြီး မြောင် PDF တွေရဲ့ မုံရွာမြို့ကို တိုက်ရိုက်ချဉ်းကပ်ရေး အတွက် ကံကြီးကုန်း ပသစ ရွာဟာ ခလုတ်ကန်သင်း ဖြစ်နေပါတယ်။ 

ကံကြီးကုန်းရွာဟာ ရန်သူရဲ့ တိုက်ခိုက်မှုကို ယခင်က သုံးကြိမ်တိုင်တိုင် ခုခံခဲ့ပြီး စစ်ကိုင်း PDF တွေ အတွက် အမာကြောဆုံး ခံစစ်စခန်း အဖြစ် ရှု့မြင် ထားပြီး နမခ သိမ်းပိုက်ရေး ရည်မှန်းချက်အတွက် ပထမဆုံး မဖြစ်မနေ ဖြိုချရမည့် စခန်းဖြစ်နေပါတယ်။ ဒါကြောင့် KIA, PDF အကြမ်းဖက်သမားများအနေနဲ့ ကံကြီးကုန်းရွာကို  ထပ်မံတိုက်ခိုက် ပါလိမ့်မယ်။

တပ်မတော် အနေနဲ့ ချင်းတွင်းမြစ်ကြောင်း စိုးမိုးရေး၊ ချောင်းဦးအနောက်ခြမ်း ထိန်းချုပ်ရေး၊ မြောင်နယ် မြောက်ခြမ်း၊ ဆားလင်းကြီးအရှေ့ခြမ်း ၊ ရေစကြို မြောက်ခြမ်း တို့ကို တစ်စိတ်တစ်ပိုင်း ကူညီစိုးမိုးရေး အတွက် ကံကြီးကုန်း ပသစ စခန်းအား တပ်ခွဲအဆင့် မြှင့်တင်ပြီး လိုအပ်သော လက်နက်ကြီး၊ လက်နက်ငယ်များ တပ်ဆင် ဆောင်ရွက်သင့်ပါကြောင်း အကြံ ပြုအပ်ပါတယ်။


ဒေသခံပြည်သူတစ်ဦး

Join - https://t.me/MyanmarNationalPost






No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)