ရန်ကုန် - မော်လမြိုင်လမ်းပေါ်မှ ကမာစိုင်တံတားကို KNU/KNLA နဲ့ PDF အကြမ်းဖက်အဖွဲ့များက မိုင်းခွဲဖျက်ဆီးလိုက်ကြပြန်ပြီ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရန်ကုန် - မော်လမြိုင်လမ်းပေါ်မှ ကမာစိုင်တံတားကို KNU/KNLA နဲ့ PDF အကြမ်းဖက်အဖွဲ့များက မိုင်းခွဲဖျက်ဆီးလိုက်ကြပြန်ပြီ




သထုံ၊ သြဂုတ် ၂

ရန်ကုန် - မော်လမြိုင်လမ်းပေါ် သထုံမြို့နယ်ထဲက ကမာစိုင်တံတား ကို ယနေ့ မနက်အစောပိုင်းမှာ KNU/KNLA နဲ့ PDF အကြမ်းဖက်အဖွဲ့များက ထပ်မံ မိုင်းခွဲဖျက်ဆီးသွားကြောင်း သိရသည်။

ရန်ကုန် - မော်လမြိုင် ကားလမ်းပိုင်းက ဘီးလင်းနဲ့ သထုံကြားမှာရှိပြီး KNU/KNLA နဲ့ PDF အကြမ်းဖက်သမား တွေ က မိုင်းခွဲဖျက်ဆီးထားတာကြောင့် မစောတံတားအနီး ကမာဆိုင်ကွက်သစ်အကျော် မိုင်တိုင်-၁၃၃/၆ နဲ့ ၁၃၃/၇ ကြားရှိတဲ့ တံတားငယ်ဟာဒီမနက် ၄ နာရီကျော်မှာ မိုင်းခွဲခံရပြီး တံတားငယ်တစ်စင်းလုံး ကျိုးပျက်သွားတာကြောင့် ယာဉ်ကြီးယာဉ်ငယ်များ သွားလာလို့မရ ဖြစ်နေကြောင်း ဒေသခံ သတင်းများအရ သိရသည်။


#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)