MNDAA ၊ AA ၊ TNLA နှင့် ၎င်းတို့နှင့် ဆက်နွှယ်သော အကြမ်းဖက်အဖွဲ့အစည်းများက အရပ်သားပြည်သူများအပေါ် ရက်စက်စွာ အစုလိုက်အပြုံလိုက် သတ်ဖြတ်ခဲ့မှုနှင့် ပတ်သက်၍ ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချကြောင်း နိုင်ငံရေးပါတီ (၂၅)ပါတီ ပူးတွဲထုတ်ပြန် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

MNDAA ၊ AA ၊ TNLA နှင့် ၎င်းတို့နှင့် ဆက်နွှယ်သော အကြမ်းဖက်အဖွဲ့အစည်းများက အရပ်သားပြည်သူများအပေါ် ရက်စက်စွာ အစုလိုက်အပြုံလိုက် သတ်ဖြတ်ခဲ့မှုနှင့် ပတ်သက်၍ ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချကြောင်း နိုင်ငံရေးပါတီ (၂၅)ပါတီ ပူးတွဲထုတ်ပြန်





နေပြည်တော်၊ သြဂုတ် ၅

MNDAA ၊ AA ၊ TNLA နှင့် ၎င်းတို့နှင့် ဆက်နွှယ်သော လက်နက်ကိုင်အဖွဲ့အစည်းများက အရပ်သားပြည်သူများအပေါ် ရက်စက်စွာ အစုလိုက်အပြုံလိုက် သတ်ဖြတ်ခဲ့မှုနှင့် ပတ်သက်၍ ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချကြောင်း နိုင်ငံရေးပါတီ (၂၅) ပါတီက ပူးတွဲသဘောထားထုတ်ပြန်ကြေညာချက်ကို ယမန်နေ့ (၄-၈-၂၀၂၄) ရက်နေ့က ထုတ်ပြန်ခဲ့သည်။

အကြမ်းဖက်သောင်းကျန်းသူများဖြစ်သည့် MNDAA ၊ AA ၊ TNLA နှင့် ၎င်းတို့နှင့် ဆက်နွှယ်သော လက်နက်ကိုင်အဖွဲ့အစည်းများသည် (၂-၈-၂၀၂၄) ရက်နေ့တွင် ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့ရှိ အမှတ် (၉) ဆေးရုံခုတင် (၁၀၀) အား လက်နက်ကြီး/ ရှော့တိုက်ဒုံး/ Drome/ လက်နက်ငယ်မျိုးစုံတို့ဖြင့် ဆင်ခြင်မဲ့ ရက်စက်ကြမ်းကြုတ်စွာ ပစ်ခတ်တိုက်ခိုက်ဖျက်ဆီးခဲ့ကြောင်း၊ အကြမ်းဖက်သောင်းကျန်းသူများသည် စစ်ရေးပစ်မှတ်မဟုတ်သော ဆရာဝန်/ သူနာပြုအပါအဝင် ဝန်ထမ်းများ၊ အရပ်သူ/ အရပ်သားလူနာများ၊ ကလေးသူငယ်များ၊ ရင်ခွင်ပိုက်ကလေးများအပါအဝင် အပြစ်မဲ့ပြည်သူများစွာအား ရက်စက်စွာ အနီးကပ်ပစ်ခတ်သတ်ဖြတ်ခြင်း၊ ကိုယ်ဝန်ဆောင်မိခင်အပါအဝင် လူနာအချို့အား ဖမ်းဆီးခေါ်ဆောင်ခြင်းများ ပြုလုပ်ခဲ့ကြောင်း၊ လူသားမဆန်သည့် ဆိုးရွားသောအကြမ်းဖက်မှုဖြစ်ပြီး အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေကိုလည်းကောင်း၊ ပြည်တွင်းရှိ တည်ဆဲဥပဒေများကို လည်းကောင်း၊ နိုင်ငံတကာလူ့အခွင့်အရေးကြေညာစာတမ်းပါ အခြေခံလူ့အခွင့်အရေးများကို လည်းကောင်း ရည်ရွယ်ချက်ရှိရှိ ချိုးဖောက်ခဲ့ကြခြင်းဖြစ်ပါကြောင်း ပြောဆိုထားသည်။

အကြမ်းဖက်သောင်းကျန်းသူများနှင့် ဆက်နွှယ်နေသော အဖွဲ့အစည်းများအား အကြမ်းဖက်သောင်းကျန်းသူများအဖြစ် သတ်မှတ်၍ ပြည်တွင်းဥပဒေများအရ အရေးယူဆောင်ရွက်ပေးပါရန်နှင့် ပြည်တွင်း၌သာမက နိုင်ငံတကာမှလည်း အကြမ်းဖက်အဖွဲ့အစည်းများအဖြစ် သတ်မှတ်၍ အရေးယူပိတ်ဆို့ဆောင်ရွက်နိုင်ရေးအတွက် ပူးပေါင်းဆောင်ရွက်သွားသင့်ပါကြောင်း၊ အကြမ်းဖက်သောင်းကျန်းသူများဖြစ်သည့် MNDAA၊ AA ၊ TNLA နှင့် ၎င်းတို့နှင့်ဆက်နွှယ်သော လက်နက်ကိုင်အဖွဲ့အစည်းများ၏ လူမဆန်စွာ အကြမ်းဖက်ရက်စက်ယုတ်မာသည့်လုပ်ရပ်များကို မိမိတို့နိုင်ငံရေးပါတီများအနေဖြင့် သန်းပေါင်းများစွာသော ရဟန်း၊ ရှင်၊ လူ၊ ပြည်သူများကို ကိုယ်စားပြု၍ လုံးဝ (လုံးဝ) လက်မခံ ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချပါကြောင်း ထုတ်ပြန်ကြေညာထားသည်။


#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)