ဆေးဝါးကုသမှုခံယူနေသည့် အမျိုးသမီးများ၊ ကလေးငယ်များကို MNDAA အကြမ်းဖက်အဖွဲ့က ရက်စက်စွာ သတ်ဖြတ်ခဲ့မှုအပေါ် ကနေဒါရောက် ကယားပြည်နယ်တိုင်းရင်းသားများအစည်းအရုံးမှ ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချကြောင်း ထုတ်ပြန် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဆေးဝါးကုသမှုခံယူနေသည့် အမျိုးသမီးများ၊ ကလေးငယ်များကို MNDAA အကြမ်းဖက်အဖွဲ့က ရက်စက်စွာ သတ်ဖြတ်ခဲ့မှုအပေါ် ကနေဒါရောက် ကယားပြည်နယ်တိုင်းရင်းသားများအစည်းအရုံးမှ ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချကြောင်း ထုတ်ပြန်






ရန်ကုန်၊ သြဂုတ် ၃

လားရှိုးမြို့၊ ကုတင် ၁၀၀ ဆေးရုံ၌ အပြစ်မဲ့အရပ်သား မြို့ခံပြည်သူရာပေါင်းများစွာ ဆေးဝါးကုသမှုခံယူနေစဉ် MNDAA ကိုးကန့်လက်နက်ကိုင်အဖွဲ့နှင့် ယူနန်-တရုတ် လက်နက်ကိုင်များမှ အကြမ်းဖက် စီးနင်းဝင်ရောက်ပြီး ဆရာဝန်၊ သူနာပြု၊ ဆေးဝါးကုသမှုခံယူနေသော အပြစ်မဲ့ အရပ်သားပြည်သူများစွာကို လူသားမဆန်စွာ သတ်ဖြတ်သွားခဲ့သည့်အပြင် ပြည်သူများကို ဓားစာခံအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားခြင်းများ လုပ်ဆောင်ခဲ့သည့်အပေါ် ကနေဒါရောက် ကယားပြည်နယ်တိုင်းရင်းသားများအစည်းအရုံးမှ ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချကြောင်း ၃-၈-၂၀၂၄ ရက်စွဲဖြင့် ထုတ်ပြန်ထားသည်။

အဆိုပါ MNDAA ကိုးကန့်လက်နက်ကိုင်အဖွဲ့နှင့် ယူနန်-တရုတ် လက်နက်ကိုင်များမှ အကြမ်းဖက် စီးနင်းဝင်ရောက်ပြီး ဆရာဝန်၊ သူနာပြု၊ ဆေးဝါးကုသမှုခံယူနေသော အပြစ်မဲ့ အရပ်သားပြည်သူများစွာကို လူသားမဆန်စွာ သတ်ဖြတ်သွားခဲ့သည့်အပြင် ပြည်သူများကို ဓားစာခံအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားခြင်းများ လုပ်ဆောင်ခဲ့သည့်အပေါ် ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချကြောင်း ကြေညာချက်ကို နိုင်ငံတကာအဖွဲ့အစည်းများ သံရုံးများသို့လည်း ဖြန့်ဝေထားသည်။

ကနေဒါရောက် ကယားပြည်နယ်တိုင်းရင်းသားများအစည်းအရုံး ၏ ထုတ်ပြန်ချက်တွင် လူသားမဆန်စွာ အကြမ်းဖက်သတ်ဖြတ်ခံခဲ့ရသော အပြစ်မဲ့အရပ်သား မြန်မာနိုင်ငံသားမိသားစုများနှင့်အတူ ထပ်တူဝမ်းနည်းကြေကွဲရကြောင်း၊ အကြမ်းဖက်အဖွဲ့များ၏ လူသားမဆန်သည့် အကြမ်းဖက်လုပ်ရပ်အား ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချကြောင်း ထုတ်ပြန်ထားသည်။


#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)