MNDAA အကြမ်းဖက်အဖွဲ့က လားရှိုးမြို့၊ ကုတင် ၁၀၀ ဆေးရုံမှ အပြစ်မဲ့ အရပ်သားပြည်သူ ရာနဲ့ချီ၍ အစုလိုက် အပြုံလိုက် အသတ်ခံရသော ဓာတ်ပုံမှတ်တမ်းများ ထွက်ပေါ်လာ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

MNDAA အကြမ်းဖက်အဖွဲ့က လားရှိုးမြို့၊ ကုတင် ၁၀၀ ဆေးရုံမှ အပြစ်မဲ့ အရပ်သားပြည်သူ ရာနဲ့ချီ၍ အစုလိုက် အပြုံလိုက် အသတ်ခံရသော ဓာတ်ပုံမှတ်တမ်းများ ထွက်ပေါ်လာ


လားရှိုး၊ သြဂုတ် ၃

ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ လားရှိုးမြို့၊ ကုတင် ၁၀၀ ဆေးရုံကို MNDAA အကြမ်းဖက်အဖွဲ့က ဝင်ရောက်စီးနင်းပြီး ဆရာဝန်၊ သူနာပြုနှင့် ဆေးဝါးကုသမှုခံယူနေသည့် အမျိုးသမီးနှင့် ကလေးငယ်များပါ မကျန် အပြစ်မဲ့ပြည်သူပေါင်း ၁၀၀ ကျော်ကို ရက်စက်စွာ သတ်ဖြတ်ခဲ့ကြသည်။

ယမန်နေ့က ဆေးဝါးကုမှုခံယူနေသူများကို MNDAA အကြမ်းဖက်အဖွဲ့က ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည့် ရုပ်သံမှတ်တမ်း ထွက်ပေါ်လာခဲ့သော်လည်း ဆေးရုံအတွင်း သတ်ဖြတ်ခံခဲ့ရသည့် မှတ်တမ်းများ တွေ့မြင်ခဲ့ရခြင်း မရှိပေ။ ယနေ့ ထွက်ပေါ်လာသော မှတ်တမ်းများအရ MNDAA အကြမ်းဖက်အဖွဲ့သည် အပြစ်မဲ့ အရပ်သားပြည်သူ ရာနှင့်ချီ၍ အစုလိုက် အပြုံလိုက် သတ်ဖြတ်မှုကို ရက်စက်စွာ လုပ်ဆောင်ခဲ့သည်ကို တွေ့ရသည်။

Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)