လားရှိုးမြို့တွင် အပြစ်မဲ့ အရပ်သားပြည်သူပေါင်းများစွာကို သတ်ဖြတ်ခဲ့သည့် MNDAA နှင့် ပူပေါင်း အကြမ်းဖက်အဖွဲ့၏ လုပ်ရပ်များကို ကန့်ကွက်ရှုတ်ချကြောင်း နေပြည်တော်တွင် ဆန္ဒပြ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

လားရှိုးမြို့တွင် အပြစ်မဲ့ အရပ်သားပြည်သူပေါင်းများစွာကို သတ်ဖြတ်ခဲ့သည့် MNDAA နှင့် ပူပေါင်း အကြမ်းဖက်အဖွဲ့၏ လုပ်ရပ်များကို ကန့်ကွက်ရှုတ်ချကြောင်း နေပြည်တော်တွင် ဆန္ဒပြ














နေပြည်တော်၊ သြဂုတ် ၆

လားရှိုးမြို့တွင် အပြစ်မဲ့ အရပ်သားပြည်သူပေါင်းများစွာကို သတ်ဖြတ်ခဲ့သည့် MNDAA နှင့် ပူပေါင်း အကြမ်းဖက်အဖွဲ့၏ လုပ်ရပ်များကို ကန့်ကွက်ရှုတ်ချကြောင်း နေပြည်တော်၊ မြို့တော်ခန်းမရှေ့တွင် ယနေ့ ၆-၈-၂၀၂၄ ရက်နေ့ က ရဟန်းရှင်လူပြည်သူများ၏ စုပေါင်းဆန္ဒပြ ကန့်ကွက်ရှုတ်ချခဲ့ကြသည်။

 အပြစ်မဲ့ အရပ်သားပြည်သူပေါင်းများစွာကို သတ်ဖြတ်ခဲ့သည့် MNDAA နှင့် ပူပေါင်း အကြမ်းဖက်အဖွဲ့များက သတ်ဖြတ်ခဲ့သော လုပ်ရပ်နှင့် ပတ်သက်၍ ကိုနောင်တော်လေး၊ ကိုဇော်ဖုန်းဟိန်း၊ ကိုစံဝင်း တို့က ရှင်းလင်း ပြောဆိုပြီး အပြစ်မဲ့ အရပ်သားပြည်သူများကို အစုလိုက် အပြုံလိုက်သတ်ဖြတ်ခဲ့သော MNDAA အကြမ်းဖက်အဖွဲ့ - အလိုမရှိ၊ MNDAA နှင့် ပူးပေါင်းအဖွဲ့များ၏ အကြမ်းဖက်လုပ်ရပ်များ - ချက်ချင်းရပ်၊ ပြည်ပသြဇာခံ အကြမ်းဖက်အဖွဲ့များကို အမြစ်ပြတ်နှိမ်နင်းဆောင်ရွက်ပေးရေး - ဒို့အရေး၊ ပြည်သူကိုသတ်ဖြတ်နေတဲ့ ပြည်ပသြဇာခံ အကြမ်းဖက်အဖွဲ့များ - ကျရှုံးပါစေ၊ အပြစ်မဲ့ပြည်သူပေါင်းများစွာကို ရက်စက်စွာ သတ်ဖြတ်နေသည့် ပြည်ပသြဇာခံ အကြမ်းဖက်အဖွဲ့များ - အလိုမရှိ၊ မြန်မာပြည်ကြီး ငြိမ်းချမ်းဖို့ - ပြည်ဖျက်မိစ္ဆာတွေကို တိုက်ထုတ်ကြပါစို့ ဟူသော ကြွေးကြော်သံများကို သံပြိုင်ကြွေးကြော် ဆန္ဒပြခဲ့ကြသည်။

ရဟန်းရှင်လူပြည်သူများက လားရှိုးမြို့တွင် MNDAA ဦးဆောင်သော အကြမ်းဖက်အဖွဲ့များ၏ သတ်ဖြတ်မှုကြောင့် သေဆုံးခဲ့ရသည့် အပြစ်မဲ့ ပြည်သူများ၊ အသက်စွန့်၍ တိုက်ပွဲဝင်ခဲ့ကြသော လုံခြုံရေးတပ်ဖွဲ့ဝင်များအတွက် ကုသိုလ်ပြု အမျှဝေပြီး အခမ်းအနားကို ပြီးဆုံးခဲ့ကြသည်။


#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)