ပြည်မြို့ရှိ စည်ပင်သာယာဈေးများ၌ ဈေးရောင်း/ဈေးဝယ်ပြည်သူများထံသို့ ပြင်းထန်ဝမ်းပျက်၊ ဝမ်းလျှောရောဂါနှင့် Mpox(မျောက်ကျောက်)ရောဂါကြိုတင်ကာကွယ်ရေး နှိုးဆော်ချက်အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပြည်မြို့ရှိ စည်ပင်သာယာဈေးများ၌ ဈေးရောင်း/ဈေးဝယ်ပြည်သူများထံသို့ ပြင်းထန်ဝမ်းပျက်၊ ဝမ်းလျှောရောဂါနှင့် Mpox(မျောက်ကျောက်)ရောဂါကြိုတင်ကာကွယ်ရေး နှိုးဆော်ချက်အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေ




ပြည်၊ ဩဂုတ် ၂၈

ပြည်ခရိုင်နှင့် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့် ဝန်ထမ်းများအဖွဲ့သည် ပြည်မြို့ရှိ စည်ပင်သာယာဈေးများ၌ ဈေးသူ/ဈေးသားများနှင့် ဈေးရောင်း/ဈေးဝယ် ပြည်သူများထံသို့ ပြင်းထန်ဝမ်းပျက်၊ ဝမ်းလျှောရောဂါနှင့် Mpox(မျောက်ကျောက်) ရောဂါကြိုတင်ကာကွယ်ရေး နှိုးဆော်ချက်အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်းကို ယမန်နေ့က ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ကွင်းဆင်းဆောင်ရွက်ရာတွင် အဆိုပါအဖွဲ့က ပြည်စည်ပင်သာယာ မြို့မဈေးကြီးအပါအဝင် ခေတ္တရာမြို့သစ်ဈေး၊ ကိုးသောင်းဈေး၊ အောင်မင်္ဂလာဈေးနှင့် ကသည်းဈေး အစရှိသည့် မြို့ပေါ်ရပ်ကွက်ဈေးများအတွင်း ဈေးသူ/ဈေးသားများနှင့် ဈေးရောင်း/ဈေးဝယ် ပြည်သူများအား ပြင်းထန်ဝမ်းပျက်၊ ဝမ်းလျှောရောဂါနှင့် Mpox(မျောက်ကျောက်) ရောဂါကြိုတင်ကာကွယ်ရေးဆိုင်ရာ အကြံပြုချက်များနှင့် ဆောင်ရန်/ရှောင်ရန်အချက်များ၊ ရောဂါကူးစက်မှုမဖြစ်ပွား‌အောင် လိုက်နာဆောင်ရွက်သင့်သည့် နည်းလမ်းများနှင့် ကျန်းမာရေးဆိုင်ရာ သိကောင်းစရာအကြောင်းများကို အသိပညာပေးဆွေးနွေးဟောပြောပြီး ၎င်းတို့ထံသို့ ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ပြင်းထန်ဝမ်းပျက်၊ ဝမ်းလျှောရောဂါနှင့် Mpox(မျောက်ကျောက်)ရောဂါဆိုင်ရာ ကာကွယ်ရေးနှိုးဆော်ချက်များပါဝင်သော အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြကြောင်း သိရသည်။


ကိုဆက် 

Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)