ပြည်သူလူထု၏ လုံခြုံရေးအတွက် အကာအကွယ်ပေးရန် အမျိုးသားဒီမိုကရေစီအင်အားစုပါတီ(NDF) မေတ္တာရပ်ခံချက် ထုတ်ပြန် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပြည်သူလူထု၏ လုံခြုံရေးအတွက် အကာအကွယ်ပေးရန် အမျိုးသားဒီမိုကရေစီအင်အားစုပါတီ(NDF) မေတ္တာရပ်ခံချက် ထုတ်ပြန်


ရန်ကုန်၊ သြဂုတ် ၁၂

ရှမ်းပြည်မြောက်ပိုင်းအပါအဝင် စစ်ဖြစ်ပွားနေသော ဒေသများရှိ ပြည်သူလူထု၏ အသက်၊ အိုးအိမ်များ ဆိုးရွားစွာ ထိခိုက်နေရသည့်အတွက် ကြီးစွာ စိတ်မကောင်းဖြစ်ရပြီး အကာအကွယ်ပေးရန် မေတ္တာရပ်ခံချက်ကို ယနေ့ (၁၂-၈-၂၀၂၄) ရက်စွဲဖြင့် အမျိုးသားဒီမိုကရေစီအင်အားစုပါတီ (NDF) က ထုတ်ပြန်ထားသည်။

NDF ပါတီ၏ ထုတ်ပြန်ချက်တွင် သောင်းကျန်းသူအဖွဲ့များက နယ်မြေသိမ်းတိုက်ပွဲများ ဖော်ဆောင်နေပြီး ပြည်သူများအပေါ် ဆိုးရွားသော စစ်ရာဇဝတ်မှုများ ကျူးလွန်နေကြောင်း၊ တာဝန်ရှိသော တပ်မတော်သည် အနည်းဆုံးအင်အား အနိမ့်ဆုံးအဆင့် ဆိုသော မူဝါဒဖြင့် တုန့်ပြန်နေခြင်းကြောင့် ထိခိုက်ဆုံးရှုံးမှုများ ပိုမိုမြင့်တက်ရသည်ဟု  ပြည်သူများ ကြားတွင် ဝေဖန်မှုများဖြစ်ပေါ်လျက်ရှိကြောင်း ထောက်ပြပြောဆိုထားသည်။


Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)