မြို့နယ်၊ ခရိုင် အုပ်ချုပ်ရေးတာဝန်ရှိသူများက ပြည်တွင်းသောင်းကျန်းသူ သစ္စာဖောက်လောက်ကောင်များဖြစ်သည့် NLDပါတီဝင်များနှင့် ပူးပေါင်းကာ လုပ်စားနေသည့်အတွက် ရဟန်းရှင်လူပြည်သူများ စိတ်ပျက်နေကြောင်း မျိုးချစ်မြန်မာရဟန်းတော်များသမဂ္ဂ(ရန်ကုန်) ထုတ်ပြန် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မြို့နယ်၊ ခရိုင် အုပ်ချုပ်ရေးတာဝန်ရှိသူများက ပြည်တွင်းသောင်းကျန်းသူ သစ္စာဖောက်လောက်ကောင်များဖြစ်သည့် NLDပါတီဝင်များနှင့် ပူးပေါင်းကာ လုပ်စားနေသည့်အတွက် ရဟန်းရှင်လူပြည်သူများ စိတ်ပျက်နေကြောင်း မျိုးချစ်မြန်မာရဟန်းတော်များသမဂ္ဂ(ရန်ကုန်) ထုတ်ပြန်




ရန်ကုန်၊ သြဂုတ် ၆

မျိုးချစ်မြန်မာရဟန်းတော်များသမဂ္ဂ (ရန်ကုန်) က နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ၏ မိန့်ခွန်းကို ကြိုဆိုကြောင်းနှင့် မြို့နယ်၊ ခရိုင်တာဝန်ရှိသူများမှာ အကြမ်းဖက် ပြည်ဖျက် ပြည်တွင်းသောင်းကျန်းသူ သစ္စာဖောက်လောက်ကောင်များဖြစ်သည့် NLDပါတီဝင်များနှင့်သာ ပူးပေါင်းကာ ရပ်ကွက်အုပ်ချုပ်ရေးမှူး တာဝန်တွေကို လာဘ်ငွေ သိန်းရာနှင့်ချီယူ၍ အောက်ခြေတွင် လုပ်စားနေကြသည့်အတွက် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ အပေါ်  အောက်ခြေလူတန်းစားအများစုနှင့် မျိုးချစ်ရဟန်းရှင်လူပြည်သူအများက စိတ်ပျက်နေကြောင်း ထုတ်ပြန်ကြေညာထားသည်။

ယနေ့ (၆-၈-၂၀၂၄) ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်ကြေညာသည့် မျိုးချစ်မြန်မာရဟန်းတော်များသမဂ္ဂ (ရန်ကုန်) ၏ ထုတ်ပြန်ချက်တွင်  ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ တပ်မ တော်ကာကွယ်ရေးဦးစီးချုပ်ကြီး ဗိုလ်ချုပ်မှူးကြီး ဦးမင်းအောင်လှိုင်၏ (၅. ၈.  ၂၀၂၄) တနင်္လာနေ့ မိန့်ခွန်း တွင် မြန်မာတပ်မတော် စစ်သားစစ်သမီးများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များနှင့် ပြည်သူ့စစ်တပ်ဖွဲ့ဝင်များ၊ မျိုးချစ်ရဟန်းရှင်လူပြည်သူများ  စည်းလုံးညီညွတ်စွာ ပူးပေါင်းကာ အကြမ်းဖက် ပြည်ဖျက် ပြည်တွင်း သစ္စာဖောက် လောက်ကောင်လက်နက်ကိုင်သောင်းကျန်းသူ သူပုန်အဖွဲ့များအား အမြစ်ပြတ် တွန်းလှန် တိုက်ထုတ်ပြစ်ရမည်ဖြစ်ကြောင်း ထည့်သွင်းပြောဆိုသွားမှုအပေါ် မျိုးချစ်မြန်မာရဟန်းတော်များသမဂ္ဂ (ရန်ကုန်)မှ အပြည့်အဝ ကြိုဆိုထောက်ခံကြောင်း၊ ရှမ်းမြောက်ဒေသတွင်မဟုတ်ပဲ မြန်မာနိုင်ငံအနှံ့အပြားမှ နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန် ထမ်းဆောင်နေကြသည့် တိုင်းဒေသကြီး/ပြည်နယ် စစ်ဒေသမှူးများနှင့် တိုင်းမှူးများမှလည်း မိမိတို့၏ လက်အောက်တွင် တာဝန်ထမ်းဆောင်နေကြသည့် စစ်သား၊ စစ်သမီးများနှင့် ပြည်သူ့စစ်တာဝန် ထမ်း ဆောင်နေသူများအပေါ်  ရင်ဝယ်သားသမီးများကဲ့သို့ သဘောထားကာ ပြည်ဖျက် အကြမ်းဖက် ပြည်တွင်း သစ္စာဖောက် လောက်ကောင်များကို တိုက်ခိုက်ခြေမှုန်းရာတွင် ပြတ်သားသောအမိန့် ထိရောက်သော တိုက်ခိုက်မှုများဖြင့် လုပ်ကိုင်ဆောင်ရွက်ကြရန် လိုပါသည်။ ယခုအခါ နိုင်ငံတော်သမ္မတ(ယာယီ)၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် မှ နိုင်ငံတော်၏ ရည်မှန်းချက်ပန်းတိုင်ကို ကောင်းမွန်မှန်ကန်သည့် နည်းလမ်း ကောင်းများ ဖြင့် လုပ်ငန်းဖော်ဆောင်ကာ နိုင်ငံတော်၏ စီးပွားရေး၊ ပညာရေး၊ ကျမ်းမာရေး ၊ တည်ငြိမ်အေးချမ်းရေး၊ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေး၊ တရားဥပဒေစိုးမိုးရေးများ လုပ်ကိုင်ဆောင်ရွက်နေသော်လည်း အောက်ခြေရှိ မြို့နယ် မစဖ၊ ခရိုင် ခစဖ များသည် အကြမ်းဖက် ပြည်ဖျက် ပြည်တွင်းသောင်းကျမ်းသူ သစ္စာဖောက်လောက်ကောင်များဖြစ်သည့် NLDပါတီဝင်များနှင့်သာ ပူးပေါင်းကာ ရပ်ကွက်အုပ်ချုပ်ရေးမှူး တာဝန်တွေကို လာတ်ငွေ သိန်းရာနှင့်ချီယူ၍ အောက်ခြေတွင် လုပ်စားနေကြသည့်အတွက် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ အပေါ်  အောက်ခြေလူတန်းစားအများစုနှင့် မျိုးချစ်ရဟန်းရှင်လူပြည်သူအများက စိတ်ပျက်နေကြသည်ကို တွေ့မြင်ကြားသိ ရကြောင်း ထောက်ပြပြောဆိုထားသည်။

နိုင်ငံတော်အပေါ်  သစ္စာဖောက်၍ အကြမ်းဖက်အားပေးလုပ်စား အရာရှိများနှင့် ဖရဲသီးများကြောင့် နိုင်ငံတော်၏ လျှို့ဝှက်ကိစ္စများ ပေါက်ကြားကာ ထိမ်းသိမ်းနိုင်ရန် ခက်ခဲကြန့်ကြာနေခြင်း ဖြစ်ကြောင်း၊ အကျင့်ပျက် ခြစား နိုင်ငံတော်သစ္စာဖောက်များအား အမြန်ဆုံး ဖော်ထုက် ဖမ်းဆီး အရေးယူကာ  လုပ်ဆောင်သွားရမည်ဖြစ်ကြောင်း၊ ရှမ်းမြောက်ဒေသ အား အလုံးစုံပျက်သုဉ်းရေးကို ရှေးရူ့၍ တိုက်ပွဲနှင့် မသက်ဆိုင်သော ဆရာဝန်၊ ဆရာမများ၊ ဆေးရုံဝန်ထမ်းများနှင့် လူနာများ၊ လူနာစောင့်များအား ပစ်ခတ် သတ်ဖြတ်ခဲ့သည်သာမက ဖမ်းဆီးခေါ်ဆောင်ကာ သတ်ဖြတ်မှုများ လုပ်ဆောင်ခဲ့ကြောင်း၊ ထိုသို့အကြမ်းဖက် ပြည်ဖျက် လူသတ်နေကြသည့် ပြည်တွင်းသူပုန်အဖွဲ့အစည်းအားလုံးအား အမြန်ဆုံး အမြစ်ဖြတ် တိုက်ခိုက်ခြေမှုန်းပေးပါရန် နိုင်ငံတော်နှင့် နိုင်ငံသားများ၏ ကောင်းကျိုးကို လိုလား၍ နိုင်ငံတော်၏ အမျိုး သားအကျိုးစီးပွားကို ရှေးရှုသော ရဟန်းရှင်လူ မျိုးချစ်ပြည်သူများနဲ့ထပ်တူ မျိုးချစ်မြန်မာရဟန်းတော် များသမဂ္ဂ(ရန်ကုန်)မှ တိုက်တွန်းတောင်းဆိုကြောင်း သဘောထားကြေငြာချက် ထုတ်ပြန်ထားခြင်းဖြစ်သည်။


#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)