မြန်မာနိုင်ငံလုပ်သားများ ကျွမ်းကျင်မှုစံသတ်မှတ်ပြဋ္ဌာန်းရေးအဖွဲ့ (NSSA) လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မြန်မာနိုင်ငံလုပ်သားများ ကျွမ်းကျင်မှုစံသတ်မှတ်ပြဋ္ဌာန်းရေးအဖွဲ့ (NSSA) လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ


နေပြည်တော်၊ ဩဂုတ် ၁၆

မြန်မာနိုင်ငံလုပ်သားများ ကျွမ်းကျင်မှုစံသတ်မှတ်ပြဋ္ဌာန်းရေးအဖွဲ့ (NSSA) လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် အလုပ်သမားဝန်ကြီးဌာန ရုံးအမှတ်(၅၁) စုပေါင်းအစည်း အဝေးခန်းမ၌ ကျင်းပရာ NSSA ဥက္ကဋ္ဌ အလုပ်သမားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းရှိန်နှင့် အဖွဲ့ဝင်များ၊ ကျွမ်းကျင်မှုစစ်ဆေးအကဲဖြတ်ရေးနှင့် အသိအမှတ်ပြုရေးကော်မတီ(ACC)၊ အလုပ်အကိုင်ဆိုင်ရာ ကျွမ်းကျင်မှုလေ့ကျင့်ရေးကော်မတီ၊ အလုပ်အကိုင်အလိုက် ကျွမ်းကျင်မှုစံသတ်မှတ်ရေးကော်မတီတို့မှဥက္ကဋ္ဌ၊ အတွင်းရေးမှူးများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။


ဦးစွာ ဒုတိယဝန်ကြီးက ကျွမ်းကျင်မှုဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစဉ်အတွက် အလုပ်အကိုင်အမျိုးအစား ၇၀ တွင် ကျွမ်းကျင်မှု စံ ၉၂ ခုကို အတည်ပြုခဲ့ပြီး ၂၀၁၄ ခုနှစ်မှ ယနေ့အထိ အလုပ်အကိုင် ၅၂ မျိုးတွင် ကျွမ်းကျင်လုပ်သား ၂၆၉၆၉ ဦး၊ စစ်ဆေးအကဲဖြတ်ရေးဌာန ၂၇၅ ခု၊ စစ်ဆေးရေးမှူး ၁၀၂ ဦး၊ စစ်ဆေးအကဲဖြတ်သူ ၈၆၆ ဦးကို အသိအမှတ်ပြုပေးခဲ့ကြောင်း။


၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်အတွင်း ဖြေဆိုသူ ၅၀၀၀ ကို စစ်ဆေးအကဲ ဖြတ်မှုလျာထားချက်ပြည့်မီရေး ကျွမ်းကျင်မှု စစ်ဆေးအကဲဖြတ်ရေးလုပ်ငန်းစဉ်များကို နိုင်ငံတော်ဘဏ္ဍာငွေမှ စိုက်ထုတ်ကျခံသုံးစွဲ ခြင်းဖြစ်၍ ကျွမ်းကျင်မှုစစ်ဆေးအကဲဖြတ်ရေးဌာန တာဝန်ခံများအနေဖြင့် ကျွမ်းကျင်မှုအဆင့်အလိုက် စစ်ဆေးအကဲဖြတ်မှုခံယူရန် လျှောက်ထားလာသော ဖြေဆိုသူများအနက် အရည်အချင်း ပြည့်မီနိုင်သူများကိုသာ စိစစ်ရွေးချယ်ရေး၊ NSSA အသိအမှတ်ပြုလက်မှတ်ရယူထားသည့် စစ်ဆေးအကဲဖြတ်ရေးဌာနများသည် သက်တမ်းကာလ နှစ်နှစ်အတွင်း တစ်ကြိမ်မျှ စစ်ဆေးအကဲဖြတ်မှု ဆောင်ရွက်ခြင်းမရှိက သတ်မှတ်ဒဏ်ကြေးပေးသွင်းရေး၊ ၂၀၂၅ ခုနှစ်အတွင်း ဖိလစ်ပိုင်နိုင်ငံတွင် ကျင်းပမည့် ASEAN Skills Competition ၌ မြန်မာနိုင်ငံမှ ဝင်ရောက်ယှဉ်ပြိုင်နိုင်မည့် အလုပ်အကိုင်နယ်ပယ် ခြောက်ခုဖြစ်သော Information and Communication ၊ Manufactu-ring and Engineering၊ Constru-ction and Building Technology ကဏ္ဍသုံးခုနှင့် Social and Personal Services ၊ Creative Arts and Fashion၊ Transporta-tion and Logistics ကဏ္ဍသုံးခုမှ ဝင်ရောက်ယှဉ်ပြိုင်နိုင်မည့် လုပ်ငန်းကဏ္ဍများရွေးချယ်၍ အာဆီယံနိုင်ငံများ၏ ကျွမ်းကျင်မှုစံများကို လေ့လာပြီး လေ့ကျင့်သင်ကြားပေးရန် မှာကြားသည်။


ထို့နောက် တက်ရောက်လာသူများက NSSA ၏ ကျွမ်းကျင်မှုဖွံ့ဖြိုး တိုးတက်ရေးလုပ်ငန်းစဉ်များ ပိုမိုအောင်မြင်စွာ အကောင်အထည်ဖော်နိုင်ရေး၊ လုပ်ငန်းရှင်များက ပူးပေါင်းပါဝင်ကူညီရေး၊ လုပ်ငန်းခွင်နှင့် သင့်လျော်သော သင်ရိုးညွှန်းတမ်းများရရှိရေး၊ ကျွမ်းကျင်မှုသင်တန်းများ စဉ်ဆက်မပြတ် ပေးနိုင်ရေးနှင့် လုပ်ငန်းခွင် အလိုက် လုပ်သားများအနေဖြင့် ကျွမ်းကျင်မှုအသိအမှတ်ပြုလက်မှတ်များ ရရှိရေးတို့အတွက် Puplic ၊ Private ၊ Partnership အစိုးရ၊ အလုပ်ရှင်၊ အလုပ်သမားသုံးပွင့်ဆိုင် ပူးပေါင်းဆောင်ရွက်မှုဖြင့် အလေးထားဆောင်ရွက်ပေးရေးဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးညှိနှိုင်း ဆုံးဖြတ်ခဲ့ကြပြီး ဒုတိယဝန်ကြီးက နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။


Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)