အရာတော်မြို့တွင် PDF အကြမ်းဖက်သမားများ၏ Drone ၁ စီး သိမ်းဆည်းရမိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အရာတော်မြို့တွင် PDF အကြမ်းဖက်သမားများ၏ Drone ၁ စီး သိမ်းဆည်းရမိ



အရာတော်၊ သြဂုတ် ၂၈

စစ်ကိုင်းတိုင်းဒေသကြီး၊ အရာတော်မြိုတွင် နယ်မြေလုံခြုံရေးဆောင်ရွက်နေသော လုံခြုံရေးအဖွဲ့များသည် ဩဂုတ်လ ၂၈ ရက် နံနက် ၈ နာရီခန့်က  လူနေရပ်ကွက်များအတွင်းသို့ Drop Bomb ချ တိုက်ခိုက်ရန်အတွက် PDF အကြမ်းဖက်သမားများ ထိန်းချုပ်မောင်းနှင်လာသည့် Drone ၁ စီးအား ပစ်ချသိမ်းဆည်းရမိကြောင်း သိရသည်။

အရာတော်မြို့နယ်အတွင်း အကြမ်းဖက်လှုပ်ရှားမှုကို NLD လွှတ်တော်အမတ်ဟောင်းများဖြစ်ကြသည့် ဝဏ္ဏ၊ ခင်မောင်လွင် နှင့် ဘိတ်သိတ်ဆရာ သော်က ဆိုသူတို့က ဦးဆောင်နေပြီး PDF အကြမ်းဖက်သင်တန်းပေးခြင်း၊ အကြမ်းဖက်သမားများကို အခြားမြို့များသို့ စေလွှတ်၍ တိုက်ခိုက်စေခြင်း၊ ၎င်းတို့အား ထောက်ခံအားပေးခြင်း မရှိသော ပြည်သူများကို ဖမ်းဆီးသတ်ဖြတ်ခြင်းများကို KIA နှင့် ပူးပေါင်း၍ လုပ်ဆောင်နေခြင်းဖြစ်ပြီး အကြမ်းဖက်လုပ်ရပ်များကို မလိုလားသည့် ပြည်သူများက ရှင်းလင်းဆောင်ရွက်ရန် တင်ပြမှုများ လုပ်ဆောင်ခဲ့သော်လည်း ရှင်းလင်းဆောင်ရွက်ခြင်း မရှိပေ။


Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)