ကျောက်ပန်းတောင်းမြို့နယ်၊ ကျောက်တံခါးကျေးရွာအုပ်ချုပ်ရေးမှူးကို PDF အကြမ်းဖက်သမားများက လုပ်ကြံသတ်ဖြတ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကျောက်ပန်းတောင်းမြို့နယ်၊ ကျောက်တံခါးကျေးရွာအုပ်ချုပ်ရေးမှူးကို PDF အကြမ်းဖက်သမားများက လုပ်ကြံသတ်ဖြတ်


ကျောက်ပန်းတောင်း၊ သြဂုတ် ၂၅

ကျောက်ပန်းတောင်းမြို့နယ်၊ ကျောက်တံခါးကျေးရွာနေ အုပ်စုအုပ်ချုပ်ရေးမှုး ဦးဝင်းအောင် သည် နေအိမ်မှ ၎င်း၏ယာခင်းသို့ ၂၃-၈-၂၀၂၄ ရက်နေ့ ၁၇:၃၀ အချိန်ခန့်တွင် ဆိုင်ကယ်ဖြင့် တစ်ဦးတည်း သွားရောက်စဉ် ယာခင်းအနီးအရောက်တွင် PDF အကြမ်းဖက်သမား ၆ဦးခန့်က သေနတ်အတို/အရှည်များ ကိုင်ဆောင်ပြီး ဦးဝင်းအောင်၏ ဆိုင်ကယ်အား ရပ်တန့်စေ၍ ဦးဝင်းအောင်အား ဖမ်းဆီးကာ ကျောက်တံခါးကျေးရွာ၏ မြောက်ဘက်ရှိ လယ်ကြီး(မြောက်)ကျေးရွာဘက်သို့ ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်။

၂၄-၈-၂၀၂၄ ရက်နေ့ (၀၈ ၅၀) အချိန်ခန့်တွင် PDF အကြမ်းဖက်သမားများ ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည့် ဦးဝင်းအောင်၏ ရုပ်အလောင်းအား ကျောက်ပန်းတောင်းမြို့၏ အရှေ့မြောက်ဘက် မြောက်တောကျေးရွာအနီးတွင် ထိုးသွင်းဒဏ်ရာများဖြင့် သေဆုံးလျက်တွေ့ရှိကြောင်း၊ သတင်းအရ လုံခြုံရေးတာဝန်ရှိသူများမှ သွားရောက်စစ်ဆေးခဲ့ရာ ဦးဝင်းအောင်တွင် နောက်ကျောထိုးသွင်း ဒဏ်ရာ ၇ချက်ဖြင့် သေဆုံးနေသည်ကို စစ်ဆေးတွေ့ရှိရကြောင်း သိရသည်။


Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)