ပြည်ထောင်စုဝန်ကြီးများ ထိုင်းနိုင်ငံဘန်ကောက်မြို့တွင်ကျင်းပသည့် Seminar On ASEAN-China Forum for Peaceful Use of Nuclear Technology သို့ တက်ရောက် - MyanmarNationalPost

.com/img/a/

News Agency

Breaking

  
demo-image

ပြည်ထောင်စုဝန်ကြီးများ ထိုင်းနိုင်ငံဘန်ကောက်မြို့တွင်ကျင်းပသည့် Seminar On ASEAN-China Forum for Peaceful Use of Nuclear Technology သို့ တက်ရောက်

004

နေပြည်တော်၊ ဩဂုတ် ၁၈

စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးကိုကိုလွင်နှင့် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိန်းကျော်တို့သည် ၁၆-၈-၂၀၂၄ ရက်နေ့က ထိုင်းနိုင်ငံဘန်ကောက်မြို့၌ ကျင်းပသည့် Seminar On ASEAN-China Forum for Pea-ceful Use of Nuclear Techno-logy သို့ တက်ရောက်သည်။

ဦးစွာ China Atomic Energy Authority မှ Vice Chairman Mr. Liu Jing က အဖွင့်အမှာစကားပြောကြားပြီး သက်ဆိုင်ရာနယ်ပယ်အလိုက် ပညာရှင်များကဆွေးနွေးကြသည်။

ထို့ပြင် ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင်နှင့် ဒေါက်တာမျိုးသိန်းကျော်တို့သည် China Atomic Energy Authority မှ Vice Chairman Mr . Liu Jing နှင့် China National Nuclear Cooperation မှ Vice Chairman Mr.Zhang Kai တို့နှင့် နျူကလီးယားစွမ်းအင်ကို ငြိမ်းချမ်းစွာအသုံးပြုရေးနှင့်ပတ်သက်ပြီး တရုတ်ပြည်သူ့သမ္မတနိုင်ငံက ကူညီပံ့ပိုး ပူးပေါင်းဆောင်ရွက်နိုင်မည့်ကိစ္စရပ်များ၊ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးကိစ္စရပ်များကို အမြင်ချင်းဖလှယ် တွေ့ဆုံဆွေးနွေးကြပြီး ညနေပိုင်းတွင် China Atomic Energy Authority က တည်ခင်းဧည့်ခံသော ညစာစားပွဲသို့ တက်ရောက်ကြသည်။

ယင်းနောက် China National Nuclear Cooperation မှ ခင်းကျင်းပြသသော ပြခန်းသို့သွားရောက်ကြည့်ရှုကြရာ China Atomic Energy Authority မှ Vice Chairman Mr. Liu Jing က ကြိုဆိုပြီး အဏုမြူစွမ်းအင်ဆိုင်ရာ များနှင့်စပ်လျဉ်းပြီး ရှင်းလင်းပြသခဲ့ကြောင်း သိရသည်။


Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Pages