မြဝတီမြို့ရှိ အွန်လိုင်းလောင်းကစားရုံများကို ပို့ဆောင်မည့် StarLink အင်တာနက် ၁၉ ခုနှင့် အတူ မြန်မာနိုင်ငံသား ၂ ဦးကို ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မြဝတီမြို့ရှိ အွန်လိုင်းလောင်းကစားရုံများကို ပို့ဆောင်မည့် StarLink အင်တာနက် ၁၉ ခုနှင့် အတူ မြန်မာနိုင်ငံသား ၂ ဦးကို ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီး




မဲဆောက်၊ သြဂုတ် ၈

ကရင်ပြည်နယ်၊ မြဝတီရှိ အွန်လိုင်းလောင်းကစားရုံများ၊ ငွေလိမ်ဂိုဏ်းများထံပိုဆောင်မည့် StarLink အင်တာနက် ၁၉ ခုနှင့်အတူ မြန်မာနိုင်ငံသား ၂ ဦးကို ထိုင်း-မြန်မာ နယ်စပ်၊ မဲဆောက်မြို့တွင် သြဂုတ်လ ၇ ရက်က ပုဂ္ဂလိကပို့ဆောင်ရေး ကုမ္ပဏီတစ်ခုသို ပိုဆောင်လာချိန်တွင် မဲဆောက်ရဲတပ်ဖွဲ့က ဝင်ရောက်ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဖမ်းဆီးခံရသူ မြန်မာနိုင်ငံသား ၂ ဦးမှာ အသက် ၂၇ နှင့်အရွယ် ဟိန်းထက်အောင်နှင့် ဖုန်းမြတ်ကျော် ဆိုသူတို့ ဖြစ်ကြောင်း၊ တရားခံတို့၏  ထွက်ဆိုချက်အရ အဆိုပါ ပစ္စည်းများကို မြန်မာနိုင်ငံ၊ ကရင်ပြည်နယ်၊ မြဝတီဒေသရှိ အွန်လိုင်းလောင်းကစားရုံများ၊ ငွေလိမ်ဂိုဏ်းများထံ ပိုဆောင်မည့် ပစ္စည်းများ ဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် အဖမ်းခံထားရသော  မြန်မာနိုင်ငံသား ၂ ဦးမှာ မဲဆောက်ရဲစခန်းအတွင်း ဖမ်းဆီးထိန်းသိမ်းခံထားရကာ ရဲတပ်ဖွဲ့က ဥပဒေအရ အရေးယူဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။


Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)